ယေရမိအနာဂတ္တိကျမ်း 17:24
``ငါ၏အမိန့်အားလုံးကို နားထောင်ရကြ မည်ဖြစ်ကြောင်းထိုသူတို့အားပြောကြား လော့။ သူတို့ဥပုသ်နေ့၌ဤမြို့တံခါးများ ကိုဖြတ်၍ အဘယ်ဝန်ထုပ်ဝန်ပိုးကိုမျှ မသယ်မယူရကြ။ ဥပုသ်နေ့ကိုနေ့ထူး နေ့မြတ်အဖြစ်စောင့်ထိန်းကာအဘယ် အလုပ်ကိုမျှမလုပ်ကြလျှင်၊-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 17
Cross References
Deuteronomy 11:13``သို့ဖြစ်၍သင်တို့အား ယနေ့ငါမှာကြားသော ပညတ်တော်များကိုစောင့်ထိန်းကြလော့။ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍အမှုတော်ကိုဆောင်ရွက် လော့။-
Isaiah 21:7အကယ်၍နှစ်ယောက်တစ်တွဲနှစ်ယောက်တစ်တွဲ မြင်းစီးသူရဲများလာသည်ကိုလည်းကောင်း၊ မြည်းများကုလားအုတ်များကိုစီး၍လူတို့ လာကြသည်ကိုလည်းကောင်းမြင်လျှင် ထိုသူ တို့အားသတိထား၍ကြည့်ရန်ကင်းစောင့်ကို မှာကြားထားလော့'' ဟုမိန့်တော်မူပါ၏။
Isaiah 58:13ထာဝရဘုရားက``အကယ်၍သင်တို့သည် ဥပုသ်နေ့ကိုသန့်ရှင်းမြင့်မြတ်သည့်နေ့အ ဖြစ်ထားရှိလျက်၊ ထိုနေ့၌ကိုယ်ကျိုးရှာလုပ် ငန်းများကိုရှောင်ရှားကြမည်ဆိုလျှင်လည်း ကောင်း၊ အကယ်၍သင်တို့သည်မိမိနှစ်သက် သောခရီးသွားခြင်း၊ နှစ်သက်သောအလုပ် လုပ်ခြင်း၊ သို့မဟုတ်အကျိုးမရှိသောစကား များကိုပြောဆိုခြင်းတို့ကိုရှောင်ကြဉ်၍၊ ငါ၏ မြင့်မြတ်သန့်ရှင်းသည့်နေ့တော်ကိုနှစ်သက် လျက် တန်ဖိုးထားကာရိုသေလေးစားကြ မည်ဆိုလျှင်လည်းကောင်း၊-
Zechariah 6:15ရပ်ဝေးဒေသတွင်နေထိုင်ကြကုန်သော လူတို့သည်လာ၍ ထာဝရဘုရား၏ဗိမာန် ကိုပြန်လည်တည်ဆောက်ရာတွင်ကူညီဆောင် ရွက်ကြလိမ့်မည်။ ထိုဗိမာန်တော်ကိုပြန်လည် တည်ဆောက်၍ပြီးသောအခါ သင်တို့သည် မိမိတို့ထံသို့ငါ့အားအနန္တတန်ခိုးရှင် ထာဝရဘုရားစေလွှတ်တော်မူခဲ့ကြောင်း သိရှိကြလိမ့်မည်။ အကယ်၍သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်တို့ကိုတိကျစွာလိုက်နာကြ ပါမူဤအမှုအရာများဖြစ်ပျက်လာ လိမ့်မည်။