ယေရမိအနာဂတ္တိကျမ်း 19:2
အိုးကွဲမြို့တံခါးကိုဖြတ်၍ပင်ဟိန္နုံချိုင့်ဝှမ်း သို့သွားရောက်ရန်မှာကြားတော်မူ၏။ ထိုအရပ် တွင် ငါသည်ထာဝရဘုရားပေးတော်မူသော ဗျာဒိတ်တော်ကိုဆင့်ဆိုရန်ဖြစ်၏။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 19
Cross References
Joshua 15:8ယေဗုသိအမျိုးသားတို့၏မြို့ဖြစ်သော ယေရုရှလင်မြို့တည်ရာ တောင်ကုန်းတောင် ဘက်ရှိဟိန္နုန်ချိုင့်ဝှမ်းအနောက်ဘက်တောင် ကုန်းကိုကျော်ဖြတ်သွား၏။-
2 Chronicles 28:3ဟိန္နုံချိုင့်ဝှမ်းတွင်နံ့သာပေါင်းကိုမီးရှို့ ပူဇော်၏။ သူသည်ဣသရေလအမျိုးသား တို့ချီတက်လာချိန်၌ ထာဝရဘုရားနှင် ထုတ်တော်မူသောလူမျိုးတို့၏စက်ဆုတ် ရွံရှာဖွယ်ကောင်းသည့်ဋ္ဌလေ့ထုံးစံတို့ကို အတုခိုး၍ မိမိ၏သားတော်များကိုပင် မီးရှို့၍ပူဇော်သကာအဖြစ်ဖြင့်ရုပ်တု တို့အားပူဇော်လေသည်။-
Nehemiah 3:29ဣမေရ၏သားဇာဒုတ်သည် မိမိ၏အိမ်ရှေ့၌ နောက်တစ်ပိုင်းကိုတည်ဆောက်၏။ ထိုနောက်ရှေကနိ၏သား၊ အရှေ့တံခါးမှူး ရှေမာယသည် မြို့ရိုးတစ်ပိုင်းကိုဆက်လက် တည်ဆောက်၏။
Jeremiah 1:7သို့ရာတွင် ထာဝရဘုရားက``သင်သည် အသက်အရွယ်ငယ်လွန်းသည်ဟုမဆိုနှင့်။ ငါစေလွှတ်သည့်သူထံသို့သင်သွား၍ ငါ မိန့်မှာတော်မူသမျှကိုပြန်ကြားလော့။-
Jeremiah 7:2ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရန် ဤတံခါးမှဝင်ရောက်လာကြသည့်၊ အို ယုဒ ပြည်သူတို့၊ ထာဝရဘုရား၏စကားကို နားထောင်ကြလော့။-
Jeremiah 11:6ထိုအခါထာဝရဘုရားက ငါ့အား``ယုဒ မြို့များနှင့်ယေရုရှလင်လမ်းများသို့သွား လော့။ ထိုအရပ်တို့တွင်ငါ၏ဗျာဒိတ်တော်ကို ကြေညာကာ၊ ပဋိညာဉ်တော်တွင်ပါရှိသည့် အချက်အလက်များကိုနားထောင်လိုက်နာ ကျင့်သုံးရန်သူတို့အားပြောကြားလော့။-