The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 19 › ယေရမိအနာဂတ္တိကျမ်း 19:3

ယေရမိအနာဂတ္တိကျမ်း 19:3

ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ဘု​ရင်​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​အနန္တ​တန်​ခိုး​ရှင်၊ ငါ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား​ထောင် ကြ​လော့။ ငါ​သည်​ကြား​သိ​ရ​သူ​တို့​ထိတ်​လန့် သည်​တိုင်​အောင်​ဆိုး​ရွား​သည့်​ဘေး​အန္တ​ရာယ် ကို​ဤ​အ​ရပ်​သို့​သက်​ရောက်​စေ​တော်​မူ​မည်။-

Common Language Bible

In The King James Version

And say, Hear ye the word of the LORD, O kings of Judah, and inhabitants of Jerusalem; Thus saith the LORD of hosts, the God of Israel; Behold, I will bring evil upon this place, the which whosoever heareth, his ears shall tingle.

In Context

2အိုး​ကွဲ​မြို့​တံ​ခါး​ကို​ဖြတ်​၍​ပင်​ဟိန္နုံ​ချိုင့်​ဝှမ်း သို့​သွား​ရောက်​ရန်​မှာ​ကြား​တော်​မူ​၏။ ထို​အ​ရပ် တွင် ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​ရန်​ဖြစ်​၏။-

4အ​ဘယ်​ကြောင့်​ဆို​သော်​လူ​တို့​သည်​ငါ့​ကို​စွန့် ပစ်​ကာ မိ​မိ​တို့​ကိုယ်​တိုင်​မိ​မိ​တို့​ဘိုး​ဘေး​များ နှင့်​ယု​ဒ​ဘု​ရင်​များ​မ​သိ​ဘူး​သည့်​အ​ခြား ဘု​ရား​များ​ကို​ယဇ်​ပူ​ဇော်​ခြင်း​ဖြင့် ဤ​ဌာ​န တော်​ကို​ညစ်​ညမ်း​စေ​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​ဤ​ဌာ​န​ကို​အ​ပြစ်​မဲ့​သူ​တို့​၏ အ​သွေး​ဖြင့်​ပြည့်​စေ​လျက်၊-

Read all of ယေရမိအနာဂတ္တိကျမ်း 19

Cross References

1 Samuel 3:11ထာ​ဝ​ရ​ဘု​ရား​က``တစ်​နေ့​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ငါ​ပြု​မည့် အ​မှု​သည်​လွန်​စွာ​ကြောက်​မက်​ဖွယ်​ကောင်း​သ​ဖြင့် ယင်း​အ​ကြောင်း​ကို​ကြား​သိ​ရ​သူ​လူ​အ​ပေါင်း တို့​သည်​ထိတ်​လန့်​၍​သွား​ကြ​လိမ့်​မည်။-

2 Kings 21:12သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သ​တင်း ကြား​သူ​တိုင်း​အံ့​သြ​လောက်​အောင် ယေ​ရု​ရှ​လင် မြို့​နှင့်​ယု​ဒ​ပြည်​အား​ဘေး​သင့်​စေ​မည်။-

Psalms 102:15လူ​မျိုး​အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေ​ကြ​လိမ့်​မည်။ လော​က​ဘု​ရင်​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏ တန်​ခိုး​တော်​ကို​ကြောက်​ရွံ့​ရိုသေ​ကြ​လိမ့်​မည်။

Isaiah 28:19သူ​တို့​သည်​သင်​တို့​အား​နံ​နက်​တိုင်း​ထပ်​ကာ ထပ်​ကာ​တိုက်​ခိုက်​ကြ​လိမ့်​မည်။ သင်​တို့​သည် နေ့​ရော​ညဥ့်​ပါ​ဒုက္ခ​ရောက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ရောက်​ရှိ​လာ​သည့် အ​ခါ​တိုင်း ထိတ်​လန့်​၍​နေ​ကြ​လိမ့်​မည်။-

Jeremiah 13:18ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား``ဘု​ရင်​နှင့်​သူ့ မယ်​တော်​၏​လှ​ပ​သော​သ​ရ​ဖူ​များ​သည် မိ​မိ တို့​ဦး​ခေါင်း​မှ​ပြုတ်​ကျ​ပြီ​ဖြစ်​၍ သူ​တို့ အား​မိ​မိ​တို့​၏​ရာ​ဇ​ပလ္လင်​များ​မှ​ဆင်း ကြ​ရန်​ပြော​ကြား​လော့။-

Jeremiah 18:11သို့​ဖြစ်​၍​ငါ​သည်​ယု​ဒ​ပြည်​သား​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အား ဆန့်​ကျင် ဘက်​ပြု​ရန်​ကြံ​စည်​လျက်​နေ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း၊ အ​ပြစ်​ဒဏ်​ခတ်​ရန်​ပြင်​ဆင် လျက်​နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း​ပြော ကြား​လော့။ အ​သီး​သီး​ဒု​စ​ရိုက်​တွင်​ကျင် လည်​မှု​ကို​ရပ်​စဲ​ကြ​ရန်၊ မိ​မိ​တို့​လမ်း​စဉ် နှင့်​အ​ကျင့်​အ​ကြံ​များ​ကို​ပြောင်း​လဲ​ကြ ရန်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ဆင့်​ဆို မှာ​ကြား​ကြောင်း​ပြော​ကြား​လော့။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 19:3

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 19:2ယေရမိအနာဂတ္တိကျမ်း 19ယေရမိအနာဂတ္တိကျမ်း 19:4 →