ယေရမိအနာဂတ္တိကျမ်း 2:26
အဖမ်းခံရချိန်၌ သူခိုးသည်အရှက်ကွဲရ သကဲ့သို့ သင်၏ဘုရင်များ၊ မင်းညီမင်းသား များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ သင် တို့ဣသရေလပြည်သားအပေါင်းတို့သည် အရှက်ကွဲရကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 2
Cross References
Ezra 9:7ဘိုးဘေးများလက်ထက်မှအစပြု၍ယနေ့ တိုင်အောင်ပင် ကိုယ်တော်၏လူမျိုးတော်အကျွန်ုပ် တို့သည် လွန်စွာအပြစ်ကူးခဲ့ကြပါ၏။ ထို အပြစ်များကြောင့်အကျွန်ုပ်တို့၏ဘုရင်များ နှင့်ယဇ်ပုရောဟိတ်တို့သည် လူမျိုးခြားဘုရင် များ၏လက်သို့အပ်နှင်းခြင်း၊ ဋ္ဌားဘေးသင့်ခြင်း၊ လုယက်ခြင်း၊ သုံ့ပန်းအဖြစ်ဖမ်းဆီးသွားခြင်း၊ ယခုအခါ၌ကဲ့သို့လုံးဝအသရေပျက် ခြင်းတို့ကိုခံရကြပါ၏။-
Psalms 97:7ရုပ်တုများကိုရှိခိုးဝတ်ပြုသူအပေါင်းတို့သည် အရှက်ရကြ၏။ ဘုရားရှိသမျှတို့သည်လည်းကိုယ်တော်၏ ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်ကြ၏။
Isaiah 1:29သင်သည်သစ်ပင်များကိုဝတ်ပြုရှိခိုးမိခဲ့သည့်အတွက် ဝတ်ပြုကိုးကွယ်ရာဥယျာဉ်များကိုစိုက်ပျိုးမိခဲ့သည့်အတွက်ဝမ်းနည်းရလိမ့်မည်။-
Isaiah 44:11ထိုရုပ်တုကိုဝတ်ပြုကိုးကွယ်သူမှန်သမျှ သည် ရှုတ်ချခြင်းကိုခံရလိမ့်မည်။ ရုပ်တုဆင်း တုများကိုသွန်းလုပ်သူတို့သည် သာမန်လူ သားများသာလျှင်ဖြစ်ပေသည်။ သူတို့သည် ငါ၏ရှေ့တော်သို့လာရောက်၍အစစ်အဆေး ခံကြပါလေစေ။ သူတို့သည်ထိတ်လန့် တုန်လှုပ်ကာအရှက်ကွဲရကြလိမ့်မည်။
Jeremiah 3:24သို့ရာတွင်အကျွန်ုပ်တို့သည်ငယ်စဉ်ထဲက ရှက်ဖွယ်ကောင်းသည့်ဘုရားများကိုဝတ်ပြု ကိုးကွယ်ကြသဖြင့် ရှေးကာလမှစ၍ဘိုး ဘေးများလုပ်ကိုင်စုဆောင်းထားခဲ့သည်သိုး အုပ်၊ နွားအုပ်၊ သားသမီး၊ ရှိရှိသမျှသော အရာတို့ကိုဆုံးရှုံးရကြလေပြီ။-
Jeremiah 22:22သင်တို့၏ခေါင်းဆောင်များသည်လေတွင်လွင့်၍ ပါသွားကြလိမ့်မည်။ သင်တို့၏မဟာမိတ်များသည်စစ်သုံ့ပန်းများ အဖြစ် အဖမ်းခံရကြလိမ့်မည်။ သင်တို့ပြုကျင့်ခဲ့သည့်မကောင်းမှုများအတွက် သင်တို့၏မြို့သည်အသရေပျက်၍ အရှက်ကွဲရလိမ့်မည်။