ယေရမိအနာဂတ္တိကျမ်း 2:27
သစ်ပင်အား`အရှင်သည်အကျွန်ုပ်အဖဖြစ်ပါ သည်' ဟူ၍လည်းကောင်း၊ ကျောက်တုံးအား`အရှင် သည်အကျွန်ုပ်အမိဖြစ်ပါသည်' ဟူ၍လည်း ကောင်းသင်တို့ပြောဆိုကြ၏။ သင်တို့သည်ငါ ၏ဘက်သို့မလှည့်၊ ငါ့အားကျောခိုင်း၍သွား ကြ၏။ သို့ရာတွင်သင်တို့သည်ဘေးအန္တရာယ် တွေ့သောအခါ၌မူကား၊ ငါ့အားကြွလာ တော်မူ၍သင်တို့ကိုကူမတော်မူရန်လျှောက် ထားကြ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 2
Cross References
2 Chronicles 29:6ငါတို့ဘိုးဘေးများသည်ငါတို့ဘုရားသခင်ထာဝရဘုရားကိုသစ္စာဖောက်၍ ကိုယ်တော်မနှစ်သက်သည့်အမှုတို့ကိုပြု ကြ၏။ သူတို့သည်ကိုယ်တော်ကိုစွန့်၍ စံတော်မူရာဌာနကိုကျောခိုင်းကြ၏။-
Psalms 115:4သူတို့ဘုရားများကားရွှေငွေဖြင့်ပြီး၍ လူ့လက်ဖြင့် ပြုလုပ်သောဘုရားများဖြစ်ကြ၏။
Isaiah 44:9ရုပ်တုဆင်းတုပြုလုပ်သူအပေါင်းတို့သည် တန်ဖိုးမဲ့သူများဖြစ်၍ သူတို့အမြတ်တနိုး ထားသည့်ဘုရားများသည်လည်းအသုံးမဝင် ကြ။ ထိုဘုရားများကိုကိုးကွယ်ဝတ်ပြုကြ သောသူတို့သည်မျက်စိကန်းသူများ၊ အသိ ပညာကင်းမဲ့သူများဖြစ်၏။ သူတို့သည် အသရေပျက်ကြလိမ့်မည်။-
Isaiah 46:6လူတို့သည်မိမိတို့၏ရွှေအိတ်များမှရွှေ များကို သွန်ချကာ၊ ငွေများကိုလည်းချိန်ခွင်နှင့်ချိန်တွယ်ပြီးလျှင်၊ ဘုရားသွန်းလုပ်ရန်ပန်းထိမ်သည်ကိုငှားရမ်း ကြ၏။ ထိုနောက်၊ထိုဘုရားအားဦးညွှတ်ဝတ်ပြုကိုးကွယ် ကြပါသည်တကား။
Jeremiah 10:8သူတို့အပေါင်းသည်ထုံထိုင်းမိုက်မဲကြ ပါ၏။ သစ်သားရုပ်များကသူတို့အားအဘယ် အမှုအရာကို သွန်သင်ပေးနိုင်ပါမည်နည်း။
Jeremiah 22:23သင်တို့သည်လေဗနုန်တောမှယူဆောင်လာ သည့် အာရစ်ပင်များ၏အလယ်တွင်ဘေးမဲ့လုံခြုံစွာ နေထိုင်လျက်ရှိကြ၏။ သို့ရာတွင်သားဖွားသောအမျိုးသမီးကဲ့သို့ ဝေဒနာခံရကြသောအခါ သင်တို့သည်အဘယ်မျှသနားစရာ ကောင်းလိမ့်မည်နည်း။