ယေရမိအနာဂတ္တိကျမ်း 20:12
သို့ရာတွင်အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်လူတို့ကိုတရားသဖြင့် စစ်ဆေးတော်မူတတ်ပါ၏။ သူတို့၏စိတ်နှလုံးအကြံအစည်များကို သိတော်မူပါ၏။ သို့ဖြစ်၍ရန်သူများအားကိုယ်တော်ရှင် လက်စားချေသည်ကိုကျွန်တော်မျိုးမြင်ပါ ရစေ။ ကျွန်တော်မျိုးသည်မိမိ၏အမှုကိုလက် တော်သို့ ပေးအပ်၍ထားပါပြီ။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 20
Cross References
2 Chronicles 24:22မင်းကြီးသည်မိမိအားဇာခရိ၏ဖခင်ယော ဒယသစ္စာရှိစွာအမှုထမ်းခဲ့သည်ကိုသတိ မရဘဲသားကိုသတ်လေ၏။ ဇာခရိသည် သေအံ့ဆဲဆဲ၌``ထာဝရဘုရားသည်သင် ပြုသည့်အမှုကိုမြင်၍ သင့်အားအပြစ်ဒဏ် ခတ်တော်မူပါစေသော'' ဟုဆို၏။
Psalms 11:5ကိုယ်တော်သည်သူတော်ကောင်းကိုလည်းကောင်း၊ သူယုတ်မာကိုလည်းကောင်းစစ်ဆေး ကြည့်ရှုတော်မူ၏။ တရားလက်လွတ်ပြုမူသောသူတို့ကို လွန်စွာမုန်းတော်မူ၏။
Psalms 26:2အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားစမ်းသပ်စစ်ဆေးတော်မူပါ။ ကျွန်တော်မျိုး၏အလိုဆန္ဒများနှင့်စိတ်နှလုံး အကြံအစည်များကိုစစ်ကြောတော်မူပါ။
Psalms 59:10ငါ၏ဘုရားသည်ငါ့ကိုချစ်၍ငါ့ထံသို့ ကြွလာတော်မူလိမ့်မည်။ ငါ၏ရန်သူများအရေးရှုံးနိမ့်ကြသည်ကို ငါ့အား တွေ့မြင်ခွင့်ကိုပေးတော်မူလိမ့်မည်။
Psalms 86:4အို ဘုရားရှင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်၏ထံသို့ ဆုတောင်းသည်ဖြစ်၍ကိုယ်တော်ရှင့်အစေ ခံအား ဝမ်းမြောက်စေတော်မူပါ။
Psalms 139:23အို ဘုရားသခင်၊ ကျွန်တော်မျိုးကိုစစ်ဆေးတော်မူ၍ကျွန်တော်မျိုး၏ စိတ်နှလုံးကိုသိမှတ်တော်မူပါ။ ကျွန်တော်မျိုးကိုစစ်ကြောတော်မူ၍ကျွန်တော်မျိုး၏ အကြံအစည်များကိုသိမှတ်တော်မူပါ။