ယေရမိအနာဂတ္တိကျမ်း 20:16
ထိုသူသည်ကရုဏာကင်းမဲ့စွာထာဝရ ဘုရား ဖျက်ဆီးတော်မူသောမြို့များကဲ့သို့ဖြစ်ပါ စေသော။ မမွေးမဖွားမီကာလကပင်ငါ့ကိုမသတ်ခဲ့ သဖြင့် သူသည်နံနက်ချိန်၌ဝေဒနာနှင့်ဟစ်အော် သံများ ကိုလည်းကောင်း၊ မွန်းတည့်ချိန်၌တိုက်ပွဲဝင်ရန်အချက် ပေးသံများ ကိုလည်းကောင်းကြားရပါစေသော။ အကယ်၍သူသည်ငါ့ကိုသတ်ခဲ့ပါမူ ငါ့မိခင်၏ဝမ်းသည်ငါ၏သင်္ချိုင်းဖြစ်ပါ လိမ့်မည်။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 20
Cross References
Genesis 19:25ထိုမြို့များနှင့်ချိုင့်ဝှမ်းတစ်လျှောက်လုံးရှိလူတို့နှင့်အပင်တို့ကိုသေကြေပျက်စီးစေတော်မူ၏။-
Deuteronomy 29:23လယ်မြေများတွင်ကန့်နှင့်ဆားပေါက်စေ သဖြင့် တောကန္တာရအတိဖြစ်လိမ့်မည်။ မည် သည့်အပင်ကိုမျှစိုက်ပျိုး၍မရ။ ပေါင်း ပင်များပင်လျှင်မပေါက်နိုင်။ သင်တို့ပြည် သည်ထာဝရဘုရားပြင်းစွာအမျက် ထွက်၍ ဖျက်ဆီးခဲ့သောသောဒုံနှင့်ဂေါ မောရမြို့၊ အာဒမာမြို့နှင့်ဇေဘိုင်မြို့ များကဲ့သို့ပျက်စီးလိမ့်မည်။-
Jeremiah 18:8ထိုလူမျိုးသည်နောင်တရပါမူငါ၏စိတ် ပြောင်းလဲလျက် ယခင်မြွက်ဆိုခဲ့သည့်အမှု များကိုမပြုဘဲငါနေမည်။-
Jeremiah 26:13သင်တို့သည်မိမိတို့နေထိုင်ပြုကျင့်ပုံကို ပြောင်းလဲကာ သင်တို့ဘုရားသခင်ထာဝရ ဘုရား၏စကားကိုနားထောင်ရကြမည်။ ထို အခါကိုယ်တော်သည်သင်တို့အားဖျက်ဆီး တော်မူမည်ဟု ယခင်မိန့်ကြားခဲ့သော်လည်း မိမိ၏စိတ်တော်ကိုပြောင်းလဲစေတော်မူ လိမ့်မည်။-
Ezekiel 21:22ထိုအခါ`ယေရုရှလင်' ဟုရေးမှတ်ထားသော နိမိတ်ပြမြားသည် သူ၏ညာဘက်လက်တွင်း သို့ရောက်ရှိ၏။ ထိုမြားကသူ့အားမြို့ရိုးဖြို ရန်တုံးမောင်းများကိုသွားရောက်တပ်ဆင်ကာ သတ်ရန်အမိန့်ပေးလျက်စစ်တိုက်သံများ ကိုကြွေးကြော်ရန်လည်းကောင်း၊ တံခါးထု ဖွင့်ရန်တုံးမောင်းကိုလည်းကောင်း မြေကတုတ် များဖို့၍ကတုတ်ကျင်းများကိုတူးရန် လည်းကောင်းညွှန်ပြ၏။-
Hosea 11:8``အို ဣသရေလငါသည်သင့်ကိုအဘယ်သို့ ပစ်ပယ်နိုင်မည်နည်း။ ငါသည်သင့်ကိုအဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ငါသည်အာဒမာမြို့ကိုဖျက်ဆီးသကဲ့သို့ လည်းကောင်း၊ ဇေဘိုင်မြို့ကိုပျက်သုဉ်းစေသကဲ့သို့လည်း ကောင်း၊ သင့်ကိုအဘယ်သို့သုတ်သင်ဖျက်ဆီးနိုင်မည် နည်း။ သင်တို့အပေါ်၌ငါ့မေတ္တာကရုဏာသည် ကြီးမားလှသောကြောင့်၊ ငါ၏စိတ်နှလုံးသည်ထိုသို့မပြုရက်နိုင်။