ယေရမိအနာဂတ္တိကျမ်း 20:3
နောက်တစ်နေ့နံနက်၌ပါရှုရသည်ငါ့အား အနှောင်အဖွဲ့မှလွှတ်လိုက်သောအခါ ငါ က``ထာဝရဘုရားသည်သင့်အားပါရှုရ ဟုအမည်ပေးတော်မမူ။ နေရာတကာ အကြမ်းဖက်သမားဟုမှည့်ခေါ်တော်မူ လေပြီ။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 20
Cross References
Genesis 17:15ဘုရားသခင်က``သင်၏မယားကိုစာရဲဟု မခေါ်တော့ဘဲ ယခုမှစ၍သူ၏နာမည်မှာ စာရာဟူ၍ဖြစ်စေရမည်။-
Psalms 31:13ရန်သူအများသည်တီးတိုးပြောဆိုနေသံကို ကျွန်တော်မျိုးကြားပါ၏။ ကျွန်တော်မျိုး၏ပတ်လည်တွင် ကြောက်မက်ဖွယ်ရာများနှင့်ပြည့်နှက်နေပါ၏။ ရန်သူတို့သည်ကျွန်တော်မျိုးအားသတ်ရန် ကြံစည်နေကြပါ၏။
Jeremiah 6:25ရန်သူတို့သည်လက်နက်များကိုစွဲကိုင်လျက် ငါတို့အားဘေးအန္တရာယ်ဝိုင်း၍နေသဖြင့် ငါ တို့သည်ကျေးလက်များသို့မထွက်ဝံ့။ လမ်း များပေါ်တွင်လည်းမလျှောက်ဝံ့'' ဟုဆိုကြ၏။
Jeremiah 19:2အိုးကွဲမြို့တံခါးကိုဖြတ်၍ပင်ဟိန္နုံချိုင့်ဝှမ်း သို့သွားရောက်ရန်မှာကြားတော်မူ၏။ ထိုအရပ် တွင် ငါသည်ထာဝရဘုရားပေးတော်မူသော ဗျာဒိတ်တော်ကိုဆင့်ဆိုရန်ဖြစ်၏။-
Jeremiah 20:10ကျွန်တော်မျိုးသည်လူတို့တီးတိုးပြောဆိုနေသံကို ကြားရပါ၏။ သူတို့သည်ကျွန်တော်မျိုးအား``နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသူ'' ဟု နာမည်ပေးပြီးလျှင်``သူ့အကြောင်းကို အာဏာပိုင်တို့အားသတင်းပေးကြကုန်အံ့၊'' ဟုဆိုကြပါ၏။ ကျွန်တော်မျိုး၏ရင်းနှီးသောမိတ်ဆွေများပင်လျှင် ကျွန်တော်မျိုးပြိုလဲသည်ကိုစောင့်မျှော်နေကြ ပါ၏။ သူတို့က``သူ့အားငါတို့လှည့်စား၍ ရကောင်းရပေလိမ့်မည်။ အငိုက်ဖမ်း၍လက်စားချေနိုင်လိမ့်မည်'' ဟု ဆိုကြပါ၏။
Jeremiah 46:5သို့ရာတွင်ထာဝရဘုရားက``ငါမြင်ရ သည်ကား အဘယ်သို့နည်း။ သူတို့သည်ကြောက်လန့်၍နောက်သို့ဆုတ်ခွာ နေကြ၏။ သူတို့၏စစ်သူရဲများသည်အရေးရှုံးနိမ့်ကြ လေပြီ။ သူတို့သည်ကြောက်အားကြီး၍၊ နောက်သို့လှည့်မကြည့်ဘဲအစွမ်းကုန်လျင် မြန်စွာ ပြေးကြလေကုန်၏'' ဟုမိန့်တော်မူ၏။