ယေရမိအနာဂတ္တိကျမ်း 21:2
``ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှင့်သူ၏ တပ်မတော်သည် မြို့ကိုတိုက်ခိုက်ရန်ဝိုင်းရံ လျက်ရှိသည်ဖြစ်၍ ထာဝရဘုရားအား ငါတို့အတွက်လျှောက်ထားပေးပါ။ ထာဝရ ဘုရားသည်ငါတို့အတွက်ထူးဆန်းသည့် နိမိတ်လက္ခဏာကိုပြတော်မူ၍ နေဗုခဒ် နေဇာမင်းအားပြန်လည်ဆုတ်ခွာကောင်း ဆုတ်ခွာစေတော်မူပါလိမ့်မည်'' ဟုပြော ကြားလာ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 21
Cross References
Joshua 10:1ယေရုရှလင်မြို့၏ဘုရင်အဒေါနိဇေဒက် သည်ယေရိခေါမြို့ကိုယောရှုတိုက်ခိုက်သိမ်း ပိုက်၍ ၎င်း၏ဘုရင်ကိုကွပ်မျက်ခဲ့သည့်နည်း တူအာဣမြို့ကိုတိုက်ခိုက်သိမ်းပိုက်၍ ၎င်း၏ ဘုရင်ကိုလည်းကွပ်မျက်ခဲ့ကြောင်းကြား သိရလေသည်။ ထို့အပြင်ဂိဗောင်မြို့သား တို့သည်ဣသရေလအမျိုးသားတို့နှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်၍အတူတကွ နေထိုင်ကြကြောင်းကိုလည်းကြားသိရ လေသည်။-
Judges 20:27ထိုကာလ၌ဗေသလမြို့တွင်ဘုရားသခင် ၏ပဋိညာဉ်သေတ္တာတော်တည်ရှိသတည်း။ ထို သေတ္တာတော်ကိုအာရုန်၏မြေး၊ ဧလိဇာ၏သား၊ ဖိနဟတ်ကတာဝန်ယူ၍စောင့်ထိန်းရ၏။ လူ တို့ကထာဝရဘုရားအား``အကျွန်ုပ်တို့သည် မိမိတို့၏ညီဗင်္ယာမိန်အနွယ်ဝင်တို့အား ယခုတစ်ဖန်သွားရောက်တိုက်ခိုက်ရပါ မည်လော။ မတိုက်ခိုက်ဘဲနေရပါမည် လော'' ဟုမေးလျှောက်ကြ၏။ ထာဝရဘုရားက``တိုက်ခိုက်လော့။ နက်ဖြန် နေ့၌ငါသည်သင်တို့အားထိုသူတို့၏အပေါ် ၌အောင်ပွဲခံစေတော်မူမည်'' ဟုပြန်လည်မိန့် ကြားတော်မူ၏။
1 Samuel 10:22လူတို့သည်``ရှောလုအပြင်အခြားသူတစ်စုံ တစ်ယောက်ရှိပါသေးသလော'' ဟုထာဝရ ဘုရားအားမေးလျှောက်ကြ၏။ ထာဝရဘုရားက``ရှောလုသည်ကုန်ထုပ် များ၏နောက်တွင်ပုန်းကွယ်လျက်ရှိသည်'' ဟုမိန့်တော်မူ၏။
1 Samuel 17:45ဒါဝိဒ်က``သင်သည်ဋ္ဌား၊ ပစ်လှံ၊ ထိုးလှံတို့နှင့် သာလာ၏။ ငါမူကားသင်အံတုသည့်ဣသရေ လစစ်သည်တော်တို့၏ဘုရားဖြစ်တော်မူသော အနန္တတန်ခိုးရှင်ထာဝရဘုရား၏နာမတော် နှင့်လာ၏။-
1 Samuel 28:15ရှမွေလသည်ရှောလုအား``သင်သည်အဘယ် ကြောင့်ငါ့ကိုနှောင့်ယှက်ပါသနည်း။ အဘယ် ကြောင့်ငါ့ကိုပြန်၍ခေါ်ယူပါသနည်း'' ဟုမေး၏။ ရှောလုက``အကျွန်ုပ်သည်ဒုက္ခအကြီးအကျယ် ရောက်လျက်နေပါ၏။ ဖိလိတ္တိအမျိုးသားတို့ သည်အကျွန်ုပ်နှင့်စစ်ဖြစ်လျက်ရှိပါသည်။ ထာဝရဘုရားကလည်းအကျွန်ုပ်ကိုစွန့် တော်မူပါပြီ။ ကိုယ်တော်သည်ပရောဖက် များအားဖြင့်သော်လည်းကောင်း၊ အိပ်မက် များအားဖြင့်သော်လည်းကောင်းအကျွန်ုပ် အားဖြေကြားတော်မမူပါ။ သို့ဖြစ်၍ အကျွန်ုပ်သည်အရှင့်ကိုခေါ်ယူရခြင်း ဖြစ်ပါသည်။ အကျွန်ုပ်အဘယ်သို့ပြုရ မည်ကိုမိန့်ကြားတော်မူပါ'' ဟုဆို၏။
1 Kings 22:3အာဟပ်သည်မိမိ၏မှူးမတ်တို့အား``ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကိုရှုရိဘုရင်ထံမှပြန် လည်ရရှိရန် အဘယ်ကြောင့်မည်သို့မျှမပြုဘဲ နေကြပါသနည်း။ ထိုမြို့ကိုငါတို့ပိုင်သည် မဟုတ်ပါလော'' ဟုမိန့်တော်မူ၏။-