The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 22 › ယေရမိအနာဂတ္တိကျမ်း 22:23

ယေရမိအနာဂတ္တိကျမ်း 22:23

သင်​တို့​သည်​လေ​ဗ​နုန်​တော​မှ​ယူ​ဆောင်​လာ သည့် အာ​ရစ်​ပင်​များ​၏​အ​လယ်​တွင်​ဘေး​မဲ့​လုံ​ခြုံ​စွာ နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​သား​ဖွား​သော​အ​မျိုး​သ​မီး​ကဲ့​သို့ ဝေ​ဒ​နာ​ခံ​ရ​ကြ​သော​အ​ခါ သင်​တို့​သည်​အ​ဘယ်​မျှ​သ​နား​စ​ရာ ကောင်း​လိမ့်​မည်​နည်း။

Common Language Bible

In The King James Version

O inhabitant of Lebanon, that makest thy nest in the cedars, how gracious shalt thou be when pangs come upon thee, the pain as of a woman in travail!

In Context

22သင်​တို့​၏​ခေါင်း​ဆောင်​များ​သည်​လေ​တွင်​လွင့်​၍ ပါ​သွား​ကြ​လိမ့်​မည်။ သင်​တို့​၏​မ​ဟာ​မိတ်​များ​သည်​စစ်​သုံ့​ပန်း​များ အ​ဖြစ် အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။ သင်​တို့​ပြု​ကျင့်​ခဲ့​သည့်​မ​ကောင်း​မှု​များ​အ​တွက် သင်​တို့​၏​မြို့​သည်​အ​သ​ရေ​ပျက်​၍ အ​ရှက်​ကွဲ​ရ​လိမ့်​မည်။

24ထာ​ဝ​ရ​ဘု​ရား​သည် ယော​ယ​ကိမ်​၏​သား​ယု​ဒ ဘု​ရင်​ယေ​ခေါ​နိ​အား``အ​ကယ်​၍​သင်​သည်​ငါ ၏​လက်​ယာ​လက်​တွင်​ရှိ​သော​တံ​ဆိပ်​လက်​စွပ်​ပင် ဖြစ်​စေ​ကာ​မူ ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ​သင့်​ကို​ဆွဲ​ချ​၍၊-

Read all of ယေရမိအနာဂတ္တိကျမ်း 22

Cross References

Numbers 24:21တစ်​ဖန်​သူ​သည်​ကေ​နိ​အ​မျိုး​သား​တို့​ကို ရူ​ပါ​ရုံ​၌​မြင်​၍ အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​လေ​၏။ ``သင်​တို့​နေ​ထိုင်​ရာ​အ​ရပ်​သည် ကမ်း​ပါး​ယံ​အ​ထက်​၌​တည်​ဆောက်​ထား​သော ငှက်​သိုက်​ကဲ့​သို့​လုံ​ခြုံ​ပေ​သည်။

Jeremiah 4:30အို ယေ​ရု​ရှ​လင်​မြို့၊သင်​သည်​အ​မင်္ဂ​လာ ရှိ​ပါ​သည်​တ​ကား။ သင်​သည်​အ​ဘယ်​ကြောင့်​နီး​မြန်း​သည့်​အ​ဝတ် ကို ဝတ်​ဆင်​ထား​သ​နည်း။ အ​ဘယ်​ကြောင့်​ကျောက်​မျက်​ရ​တ​နာ​များ​ကို ဆင်​ယင်​၍ သင်​၏​မျက်​လုံး​များ​ကို​ခြယ်​လှယ်​ထား​သ​နည်း။ သင်​သည်​မိ​မိ​ကိုယ်​ကို​အ​ကြောင်း​မဲ့​အ​လှ ပြင်​၍ ထား​ပါ​သည်​တ​ကား။ သင်​၏​ချစ်​သူ​တို့​သည်​သင့်​ကို​ပစ်​ပယ်​လိုက်​ကြ လေ​ပြီ။ သူ​တို့​သည်​သင့်​ကို​သတ်​လို​ကြ​၏။

Jeremiah 6:24ယေ​ရု​ရှ​လင်​မြို့​သား​တို့​က``ဤ​သ​တင်း​ကို ငါ​တို့​ကြား​သော​အ​ခါ ငါ​တို့​၏​လက်​များ သည်​ပျော့​ခွေ​၍​သွား​ပါ​၏။ ငါ​တို့​သည်​သား ဖွား​သော​အ​မျိုး​သ​မီး​ကဲ့​သို့​ပြင်း​စွာ ဝေ​ဒ​နာ​ခံ​ရ​ကြ​ပါ​၏။-

Jeremiah 22:6``ငါ​၏​အ​ဖို့​ယု​ဒ​ဘု​ရင်​၏​နန်း​တော်​သည် ဂိ​လဒ်​ကဲ့​သို့​လည်း​ကောင်း၊ လေ​ဗ​နုန်​တောင် ထိပ်​ကဲ့​သို့​လည်း​ကောင်း​လှ​ပ​တင့်​တယ်​သော် လည်း ငါ​သည်​ထို​အ​ရပ်​ကို​လူ​သူ​ဆိတ် ငြိမ်​ရာ​သဲ​ကန္တာ​ရ​ဖြစ်​စေ​မည်။

Jeremiah 48:28``မော​ဘ​ပြည်​သူ​တို့၊ သင်​တို့​သည်​မိ​မိ​တို့ ၏​မြို့​များ​မှ​ထွက်​ခွာ​ပြီး​လျှင် ကျောက်​ကမ်း ပါး​သို့​သွား​ရောက်​နေ​ထိုင်​ကြ​လော့။ လျှို မြောင်​အ​ကြား​တွင်​အ​သိုက်​လုပ်​တတ်​သည့် ချိုး​ငှက်​ကဲ့​သို့​ပြု​ကြ​လော့။-

Jeremiah 50:4ထာ​ဝ​ရ​ဘု​ရား​က``ထို​အ​ချိန်​ကာ​လ​ကျ ရောက်​လာ​သော​အ​ခါ ဣ​သ​ရေ​လ​နှင့်​ယု​ဒ ပြည်​သား​တို့​သည်​ငို​ယို​ကာ မိ​မိ​တို့​ဘု​ရား​သ​ခင်​တည်း​ဟူ​သော​ငါ့​အား​လိုက်​လံ​ရှာ​ဖွေ ကြ​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 22:23

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 22:22ယေရမိအနာဂတ္တိကျမ်း 22ယေရမိအနာဂတ္တိကျမ်း 22:24 →