ယေရမိအနာဂတ္တိကျမ်း 23:13
ရှမာရိမြို့မှပရောဖက်များ၏ရွံရှာဖွယ် အဖြစ်ကို ငါတွေ့မြင်ရလေပြီ။ သူတို့သည်ဗာလဘုရား၏နာမကိုအမှီ ပြု၍ ဟောပြောကာငါ၏လူမျိုးတော်ဣသရေလအား လမ်းလွဲစေကြလေပြီ။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 23
Cross References
1 Kings 18:19ဣသရေလပြည်သူအပေါင်းတို့အားကရ မေလတောင်ထိပ်တွင်ငါနှင့်တွေ့ဆုံကြရန် အမိန့်ပေးပါလော့။ ယေဇဗေလမိဖုရား ထောက်ပံ့ကျွေးမွေးထားသည့်ဗာလပရောဖက် လေးရာ့ငါးဆယ်နှင့်အာရှရဘုရားမ၏ ပရောဖက်လေးရာတို့ကိုလည်းခေါ်ဖိတ်ပါ လော့'' ဟုပြန်ပြော၏။
1 Kings 18:25ထိုအခါဧလိယသည် ဗာလပရောဖက်တို့ အား``သင်တို့ကအရေအတွက်အားဖြင့်များ သည်ဖြစ်သောကြောင့် နွားတစ်ကောင်ကိုဦးစွာ ယူ၍ပြင်ဆင်ကြလော့။ သင်တို့၏ဘုရားထံ သို့ဆုတောင်းပတ္ထနာပြုကြလော့။ ထင်းများ ကိုမူမီးမညှိကြနှင့်'' ဟုဆို၏။
2 Chronicles 33:9မနာရှေသည်ဣသရေလအမျိုးသားတို့ ချီတက်စဉ်က ထာဝရဘုရားနှင်ထုတ်တော် မူလိုက်သည့်လူမျိုးတို့ထက်ပို၍ပြစ်မှား စေရန် ကိုယ်တော်၏လူမျိုးတော်အားရှေ့ ဆောင်လမ်းပြ၏။
Jeremiah 2:8ယဇ်ပုရောဟိတ်တို့က`ထာဝရဘုရားသည် အဘယ်မှာရှိတော်မူပါသနည်း' ဟုမမေးကြ။ ငါ၏ယဇ်ပုရောဟိတ်တို့သည်ငါ့ကိုမသိ။ အုပ်ချုပ်သူတို့သည်ငါ့ကိုပုန်ကန်ကြ၏။ ပရောဖက်တို့ကဗာလဘုရား၏အမည်နာမကို တိုင်တည်ပြောဆိုကာ အသုံးမဝင်သည့်ရုပ်တုများကိုဝတ်ပြု ရှိခိုးကြ၏။
Hosea 4:11ထာဝရဘုရားက``ငါ၏လူစုသည်စပျစ် ရည်သစ်၊ စပျစ်ရည်ဟောင်းတို့ကိုသောက်စား ယစ်မူးသဖြင့်အသိဉာဏ်ကင်းမဲ့လျက် ရှိ၏။-
Hosea 9:7ထိုက်သင့်သောအပြစ်ဒဏ်ကိုသူတို့ခံရ မည့်အချိန်ရောက်လာပြီ။ ထိုအချိန်ရောက် လာသောအခါ ဣသရေလပြည်သားတို့ သိကြလိမ့်မည်။ သင်တို့က``ဤပရောဖက် သည်သူရူးဖြစ်၏။ ဝိညာဉ်တော်သက်ရောက် သူသည်စိတ်မနှံ့သူဖြစ်၏'' ဟုဆိုကြ၏။ သင်တို့သည်ကြီးလေးသောအပြစ်ကို ကူးလွန်သောကြောင့်ငါ့ကိုအလွန်မုန်း တီးကြ၏။-