The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 23 › ယေရမိအနာဂတ္တိကျမ်း 23:22

ယေရမိအနာဂတ္တိကျမ်း 23:22

အ​ကယ်​၍​သူ​တို့​သည်​ငါ​၏​လျှို့​ဝှက်​သော အ​ကြံ​အ​စည်​တော်​တို့​ကို​သာ​သိ​ရှိ​ကြ မည်​ဆို​ပါ​မူ ငါ​၏​ဗျာ​ဒိတ်​တော်​ကို​ငါ့​လူ မျိုး​တော်​အား​ဟော​ပြော​ကြေ​ညာ​ကာ သူ​တို့ ၏​ဆိုး​ညစ်​သည့်​အ​ကျင့်​များ​နှင့်​သူ​တို့​ပြု သည့်​ယုတ်​မာ​မှု​များ​ကို​စွန့်​ပစ်​စေ​နိုင်​ကြ လိမ့်​မည်။

Common Language Bible

In The King James Version

But if they had stood in my counsel, and had caused my people to hear my words, then they should have turned them from their evil way, and from the evil of their doings.

In Context

21ထာ​ဝ​ရ​ဘု​ရား​က``ဤ​ပ​ရော​ဖက်​တို့​သည် ငါ မ​စေ​လွှတ်​သော်​လည်း​ထွက်​သွား​ကြ​၏။ သူ​တို့ အား​အ​ဘယ်​ဗျာ​ဒိတ်​ကို​မျှ​ငါ​မ​ပေး​သော် လည်း သူ​တို့​သည်​ငါ​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍​ဟော​ပြော​ကြ​၏။-

23``ငါ​သည်​အ​နီး​၌​သာ​ရှိ​သည်​မ​ဟုတ်။ အ​ရပ် တ​ကာ​တွင်​ရှိ​တော်​မူ​သော​ဘု​ရား​ဖြစ်​ပေ သည်။-''

Read all of ယေရမိအနာဂတ္တိကျမ်း 23

Cross References

Jeremiah 23:18ငါ​က``ဤ​ပ​ရော​ဖက်​များ​အ​နက်​အ​ဘယ်​သူ မျှ ထာ​ဝ​ရ​ဘု​ရား​၏​လျှို့​ဝှက်​သော​အ​ကြံ အ​စည်​တော်​တို့​ကို​သိ​ရှိ​သည်​ဟူ​၍​မ​ရှိ။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​၏​ဗျာ​ဒိတ်​တော် ကို​ကြား​သည်၊ နား​လည်​သည်​ဟူ​၍​မ​ရှိ​ကြ။ သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို​နား မ​ထောင်။ ပ​မာ​ဏ​လည်း​မ​ပြု​ကြ။-

Jeremiah 35:15ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​ကို သင်​တို့​ထံ​သို့​အ​ဖန်​ဖန်​အ​ထပ်​ထပ်​စေ​လွှတ် ခဲ့​၏။ သူ​တို့​က​လည်း​သင်​တို့​အား​မိ​မိ​တို့ အ​ကျင့်​ဆိုး​များ​ကို​စွန့်​ပစ်​၍ ဖြောင့်​မှန်​ရာ ကို​ပြု​ကျင့်​ကြ​ရန်​ပြော​ကြား​ခဲ့​ကြ​၏။ သင် တို့​သည်​မိ​မိ​တို့​နှင့်​ဘိုး​ဘေး​တို့​အား​ငါ​ပေး အပ်​ခဲ့​သည့်​ပြည်​တော်​တွင် ဆက်​လက်​နေ​ထိုင် နိုင်​ကြ​မည့်​အ​ကြောင်း​အ​ခြား​ဘု​ရား​များ ကို​ရှိ​မ​ခိုး​ဝတ်​မ​ပြု​ကြ​ရန်​သင်​တို့​အား သ​တိ​ပေး​ခဲ့​ကြ​၏။ သို့​ရာ​တွင်​သင်​တို့​သည် ငါ​၏​စ​ကား​ကို​နား​မ​ထောင်​ကြ။ ငါ့​အား လည်း​ပ​မာ​ဏ​မ​ပြု​ကြ။-

Ezekiel 2:7သူ​တို့​နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင် သည်​ဖြစ်​စေ၊ ငါ​မိန့်​တော်​မူ​သ​မျှ​တို့​ကို​သူ တို့​အား​ဆင့်​ဆို​ရ​မည်။ သူ​တို့​သည်​ပုန်​ကန် တတ်​ကြောင်း​ကို​သ​တိ​ရ​လော့။''

Ezekiel 13:22``သင်​တို့​သည် ငါ​မ​ညှိုး​ငယ်​စေ​လို​သော သူ​တော်​ကောင်း​တို့​အား​မု​သား​ကို​သုံး​၍ စိတ်​ပျက်​အား​လျော့​စေ​၏။ သင်​တို့​သည် ဆိုး​ညစ်​သူ​တို့​အား​အ​ကျင့်​ဆိုး​များ​ကို မ​စွန့်​လွှတ်​ကြ​စေ​ရန် အား​ပေး​အား​မြှောက် ပြု​၍​သူ​တို့​၏​အ​သက်​များ​ကို​ဆုံး​ရှုံး စေ​လေ​သည်။-

Zechariah 1:4သင်​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​ကဲ့​သို့ မ​ပြု​ကြ​နှင့်။ ရှေး​အ​ခါ​က​ပ​ရော​ဖက်​များ သည်​သူ​တို့​အား ယုတ်​မာ​ဆိုး​ညစ်​သည့်​အ​ကျင့် များ​ကို​ရပ်​စဲ​လိုက်​ကြ​ရန်​ပြော​ကြား​သော် လည်း​သူ​တို့​သည်​နား​မ​ထောင်​ဂ​ရု​မ​စိုက် ကြ'' ဟု​မိန့်​တော်​မူ​၏။-

Acts 26:18သင်​သည်​လူ​မျိုး​ခြား​တို့​၏​မျက်​စိ​ကို​ဖွင့် ပေး​ရ​မည်။ သူ​တို့​အား​အ​မှောင်​မှ​အ​လင်း သို့​ကူး​မြောက်​စေ​၍ စာ​တန်​အာ​ဏာ​စက်​မှ ဘု​ရား​သ​ခင်​၏​အာ​ဏာ​စက်​သို့​ကူး​ပြောင်း စေ​ရ​မည်။ ထို​သူ​တို့​သည်​ငါ့​ကို​ယုံ​ကြည်​ခြင်း အား​ဖြင့်​အ​ပြစ်​များ​ပြေ​လွတ်​လျက် ဘု​ရား သ​ခင်​ရွေး​ကောက်​တော်​မူ​သော​လူ​စု​တော် တွင်​အ​ပါ​အ​ဝင်​ဖြစ်​ရ​လိမ့်​မည်' ဟု​မိန့် တော်​မူ​ပါ​၏။''

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 23:22

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 23:21ယေရမိအနာဂတ္တိကျမ်း 23ယေရမိအနာဂတ္တိကျမ်း 23:23 →