ယေရမိအနာဂတ္တိကျမ်း 23:29
ငါ၏ဗျာဒိတ်တော်သည်မီးနှင့်တူ၍ကျောက် ကိုထုခွဲနိုင်သည့်တူနှင့်တူ၏။-
Common Language Bible
In The King James Version
Is not my word like as a fire? saith the LORD; and like a hammer that breaketh the rock in pieces?
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 23
Cross References
Jeremiah 5:14အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရဘုရားက``အို ယေရမိ၊ ထိုသူတို့သည်ဤသို့ပြောဆိုသဖြင့် ငါ့စကားသည်သင်၏နှုတ်တွင်မီးသဖွယ်ဖြစ်၍ သူတို့သည်လည်းထင်းကဲ့သို့ဖြစ်ရလိမ့်မည်။ မီးသည်သူတို့ကိုကျွမ်းလောင်၍သွားလိမ့်မည်'' ဟု မိန့်တော်မူ၏။
Luke 24:32သူတို့က ``လမ်းခရီးတွင်ကိုယ်တော်သည်ငါတို့ အားစကားပြောတော်မူသောအခါ၌လည်းကောင်း၊ ကျမ်းစာတော်၏အနက်ကိုဖွင့်ပြတော်မူသော အခါ၌လည်းကောင်း၊ ငါတို့၏စိတ်နှလုံးတွင် မီးလျှံထသကဲ့သို့ဖြစ်နေခဲ့သည်မဟုတ် ပါလော'' ဟုအချင်းချင်းပြောဆိုကြ၏။
Acts 2:3သူတို့သည်မီးလျှာများနှင့်တူသည့်အရာ များကိုလည်းမြင်ရကြ၏။ ယင်းမီးလျှာတို့ သည်အဖြာဖြာကွဲကာ ထိုသူတို့အသီး သီးအပေါ်တွင်တည်နေ၏။-
2 Corinthians 2:16ပျက်စီးဆုံးပါးဆဲဖြစ်သူတို့အတွက်ထို ရနံ့သည်သေစေတတ်သောအပုပ်နံ့ဖြစ်၍ ကယ်တင်ခြင်းခံရဆဲဖြစ်သူတို့အတွက် အသက်ရှင်စေတတ်သည့်အမွှေးအကြိုင် ဖြစ်ပေသည်။ သို့ဖြစ်၍ဤကဲ့သို့သောအမှု ကိုအဘယ်သူဆောင်ရွက်နိုင်မည်နည်း။-
Hebrews 4:12ဘုရားသခင်၏နှုတ်ကပတ်တော်သည်သက်ရှင် လှုပ်ရှား၍ သန်လျက်တကာတို့ထက်ထက်မြက် ၏။ အသက်နှင့်ဝိညာဉ်တွေ့ဆုံရာအထိလည်း ကောင်း၊ အရိုးဆစ်နှင့်ခြင်ဆီတွေ့ရာအထိ လည်းကောင်းထုတ်ချင်းခွင်းတတ်၏။ လူ၏စိတ် နှလုံးအကြံအစည်နှင့်လိုအင်ဆန္ဒများ ကိုစစ်ဆေးတတ်၏။-