The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 23 › ယေရမိအနာဂတ္တိကျမ်း 23:33

ယေရမိအနာဂတ္တိကျမ်း 23:33

ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ယေ​ရ​မိ၊ ငါ ၏​လူ​မျိုး​တော်​အ​နက်​မှ​တစ်​စုံ​တစ်​ယောက် သော​သူ​က​သော်​လည်း​ကောင်း၊ ပ​ရော​ဖက်​သို့ မ​ဟုတ် ယဇ်​ပု​ရော​ဟိတ်​က​သော်​လည်း​ကောင်း သင့်​အား`ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကား အ​ဘယ်​နည်း' ဟု​မေး​သော​အ​ခါ`ထာ​ဝ​ရ ဘု​ရား​က​ငါ​သည်​သင့်​ကို​ဖယ်​ရှား​တော် မူ​လိမ့်​မည်' ဟု​ဖြေ​ကြား​လော့။-

Common Language Bible

In The King James Version

And when this people, or the prophet, or a priest, shall ask thee, saying, What is the burden of the LORD? thou shalt then say unto them, What burden? I will even forsake you, saith the LORD.

In Context

32ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​စ​ကား ကို​နား​ထောင်​ကြ​လော့။ မု​သား​အ​ပြည့်​ပါ​သည့် မိ​မိ​တို့​၏​အိပ်​မက်​များ​အ​ကြောင်း​ကို​ဟော ပြော​ကြ​သော​ပ​ရော​ဖက်​တို့​ကို​ငါ​ဆန့်​ကျင် ဘက်​ပြု​မည်။ သူ​တို့​သည်​ထို​အိပ်​မက်​များ​ကို လိမ်​လည်​ကြွား​ဝါ​ဟော​ပြော​ခြင်း​အား​ဖြင့် ငါ ၏​လူ​မျိုး​တော်​အား​လမ်း​လွဲ​စေ​ကြ​၏။ ငါ သည်​သူ​တို့​အား​မ​စေ​လွှတ်​ခဲ့။ သွား​ရန်​လည်း အ​မိန့်​မ​ပေး​ခဲ့။ သို့​ဖြစ်​၍​သူ​တို့​သည်​လူ​တို့ အ​တွက်​အ​ဘယ်​သို့​မျှ​အ​ကျိုး​မ​ပြု​ကြ။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

34အ​ကယ်​၍​ပ​ရော​ဖက်​သို့​မ​ဟုတ် ယဇ်​ပု​ရော​ဟိတ် တစ်​စုံ​တစ်​ယောက်​က​သော်​လည်း​ကောင်း၊ လူ​တစ်​ဦး တစ်​ယောက်​က​သော်​လည်း​ကောင်း`ထာ​ဝ​ရ​ဘု​ရား ၏​ဝန်​ထုပ်​ဝန်​ပိုး' ဟူ​သော​စ​ကား​ကို​သုံး​နှုန်း ပါ​မူ ငါ​သည်​ထို​သူ​နှင့်​သူ​၏​အိမ်​ထောင်​စု အား​အ​ပြစ်​ဒဏ်​ခတ်​မည်။-

Read all of ယေရမိအနာဂတ္တိကျမ်း 23

Cross References

Deuteronomy 31:17ထို​အ​ခါ​၌​ငါ​သည်​အ​မျက်​တော်​ထွက်​၍ သူ တို့​ကို​စွန့်​ပစ်​သ​ဖြင့်​သူ​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး ကြ​လိမ့်​မည်။ သူ​တို့​သည်​ကြောက်​မက်​ဖွယ်​သော ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော​ငါ​သည် သင်​တို့​နှင့်​အ​တူ​မ​ရှိ​တော့​သ​ဖြင့် ဤ​ကဲ့​သို့ သော​ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ​ရ​သည်​ဟု သိ​မြင်​လာ​ကြ​လိမ့်​မည်။-

2 Kings 23:27ထာ​ဝရ​ဘု​ရား​က``ငါ​သည်​ဣသ​ရေ​လ​ပြည်​ကို ပြု​သ​ကဲ့​သို့ ယု​ဒ​ပြည်​ကို​လည်း​ပြု​မည်။ ယု​ဒ ပြည်​သူ​တို့​ကို ငါ​၏​မျက်​မှောက်​တော်​မှ​နှင်​ထုတ် မည်။ ငါ​ရွေး​ချယ်​ထား​သည့်​ယေရု​ရှ​လင်​မြို့​နှင့် ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည့်​ဌာ​န​အ​ဖြစ် ငါ​သတ်​မှတ်​ပေး​သော​ဗိ​မာန်​တော်​ကို​ပင်​ငါ စွန့်​ခွာ​မည်'' ဟု​မိန့်​တော်​မူ​၏။

Psalms 78:59မိ​မိ​၏​လူ​စု​တော်​ယင်း​သို့​ပြု​ကြ​သည်​ကို တွေ့​မြင်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​သည်​အ​မျက်​ထွက်​လျက်​သူ​တို့​အား လုံး​လုံး​စွန့်​ပစ်​တော်​မူ​၏။

Isaiah 14:28ဤ​ဗျာ​ဒိတ်​တော်​သည်​အာ​ခတ်​မင်း​နတ်​ရွာ စံ​သည့်​နှစ်​၌​ပြန်​ကြား​သော​ဗျာ​ဒိတ်​တော် ဖြစ်​၏။

Jeremiah 7:15ငါ​သည်​သင်​တို့​၏​ဆွေ​မျိုး​ဖြစ်​သည့်​ဧ​ဖ​ရိမ် ပြည်​သား​တို့​အား ငါ့​ရှေ့​မှောက်​မှ​နှင်​ထုတ် သ​ကဲ့​သို့​သင်​တို့​အား​နှင်​ထုတ်​မည်'' ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​၏။

Jeremiah 17:15လူ​တို့​က​ငါ့​အား``ငါ​တို့​အား​ထာ​ဝ​ရ​ဘု​ရား ကျိန်း​ဝါး​သည့်​အ​ရာ​များ​ကား​အ​ဘယ်​မှာ နည်း။ ယ​ခု​ပင်​ထို​အ​ရာ​များ​ကို​အ​ကောင် အ​ထည်​ဖော်​တော်​မူ​ပါ​လေ​စေ'' ဟု​ဆို​ကြ ပါ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 23:33

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 23:32ယေရမိအနာဂတ္တိကျမ်း 23ယေရမိအနာဂတ္တိကျမ်း 23:34 →