ယေရမိအနာဂတ္တိကျမ်း 23:8
သူတို့သည်ယင်းသို့ကျိန်ဆိုမည့်အစား၊ ငါ့ အားဣသရေလပြည်သားတို့ကိုမြောက် ဘက်ပြည်မှလည်းကောင်း၊ သူတို့အားငါကွဲ လွင့်စေရာအခြားပြည်အပေါင်းမှလည်း ကောင်း ပြန်လည်ခေါ်ဆောင်လာသည့်အသက် ရှင်တော်မူသောဘုရားသခင်အဖြစ်ဖြင့် တိုင်တည်ကျိန်ဆိုကြလိမ့်မည်။ ထိုနောက်သူ တို့သည်မိမိတို့ကိုယ်ပိုင်ပြည်တွင်နေထိုင် ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 23
Cross References
Isaiah 11:11ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။-
Isaiah 27:12ထိုကာလ၌ထာဝရဘုရားကိုယ်တော်တိုင် ဥဖရတ်မြစ်မှအီဂျစ်ပြည်နယ်စပ်အထိ မိမိလူတို့ကိုတစ်ယောက်ပြီးတစ်ယောက် ယူတော်မူ၍ဂျုံစပါးအကောင်းနှင့် အညံ့ ကိုစပါးနယ်လျက်ခွဲခြားသကဲ့သို့ခွဲ ခြားတော်မူမည်။
Isaiah 43:6သူတို့အားထွက်ခွာခွင့်ပြုရန် မြောက်အရပ်ကိုလည်းကောင်း၊ သူတို့အားဆီးတား၍မထားရန် တောင်အရပ်ကိုလည်းကောင်းငါပြောမည်။ ကမ္ဘာအရပ်ရပ်ရှိရပ်ဝေးနိုင်ငံများမှငါ၏ လူမျိုးတော်များပြန်လာကြပါစေ၊
Jeremiah 16:14ထာဝရဘုရားက``အဘယ်သူမျှငါ့အား ဣသရေလပြည်သားတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်လာသူ၊ အသက်ရှင်တော်မူသော ဘုရားသခင်အဖြစ်ဖြင့်တိုင်တည်ကျိန်ဆို မှုမပြုကြတော့မည့်အချိန်ကျရောက်လာ လိမ့်မည်။-
Ezekiel 34:13နိုင်ငံရပ်ခြားများမှ စုသိမ်းပြီးလျှင်သူ တို့အား မိမိတို့နေရင်းပြည်သို့ပြန်လည် ခေါ်ခဲ့မည်။ ငါသည်သူတို့အားဣသရေလ တောင်များနှင့်မြစ်ချောင်းများသို့ပို့ဆောင် ၍သာယာသောစားကျက်များ၌ကျွေး မွေးမည်။-
Ezekiel 36:35ယခင်ကအသုံးမကျသောမြေရိုင်းဖြစ် နေခဲ့သောမြေယာတို့သည် ဧဒင်ဥယျာဉ် သဖွယ်ဖြစ်လာကြောင်း၊ ယခင်ကဖြိုဖျက် လုယက်တိုက်ခိုက်ခြင်းခံရ၍ယိုယွင်းပျက် စီးနေခဲ့သောမြို့တို့တွင်လည်း ယခုအခါ အခိုင်အမာခံတပ်များတည်ဆောက်ထား လျက်လူတို့နေထိုင်လျက်ရှိကြောင်းလူ တိုင်းပြောဆိုကြလိမ့်မည်။-