ယေရမိအနာဂတ္တိကျမ်း 24:6
သူတို့ကိုကြည့်ရှုစောင့်ရှောက်၍ဤပြည်သို့ ပြန်လည်ခေါ်ဆောင်လာမည်။ ငါသည်သူတို့ အားဖြို၍မပစ်ဘဲတည်ဆောက်၍ပေးမည်။ ဆွဲနုတ်၍မပစ်ဘဲစိုက်ပျိုး၍ပေးမည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 24
Cross References
Deuteronomy 11:12သင်တို့ဘုရားသခင်ထာဝရဘုရားသည် တစ်နှစ်ပတ်လုံးကြည့်ရှုစောင့်ရှောက်တော်မူ သောပြည်ဖြစ်သည်။''
Nehemiah 5:19အို ဘုရားသခင်၊ ဤလူတို့အတွက်အကျွန်ုပ် ပြုခဲ့သမျှကိုသတိရ၍အကျွန်ုပ်အား ကျေးဇူးပြုတော်မူပါ။
Psalms 34:15ဘုရားသခင်သည်သူတော်ကောင်းတို့အား ကြည့်ရှုစောင့်ရှောက်တော်မူ၍ သူတို့၏အော်ဟစ်သံများကိုနားညောင်းတော် မူ၏။
Isaiah 60:21သင်၏လူအပေါင်းတို့သည်မှန်ရာကိုပြုကျင့် ကြလျက်၊ ပြည်တော်ကိုအစဉ်အမြဲပိုင်ဆိုင်ရကြလိမ့်မည်။ လူအပေါင်းတို့ရှေ့တွင်ငါ၏ဘုန်းတော်ကို ထင်ရှားစေရန်၊ ငါသည်သူတို့ကိုပြုစုပျိုးထောင်ခဲ့ပြီ။
Jeremiah 12:15သို့ရာတွင်ငါသည်သူတို့အားယင်းသို့ဆွဲ ထုတ်ပြီးနောက်ကရုဏာပြမည်။ ထိုလူမျိုး အသီးသီးကိုမိမိတို့ပိုင်သည့်နယ်မြေသို့ လည်းကောင်း၊ မိမိတို့၏ပြည်သို့လည်းကောင်း ပြန်လည်ပို့ဆောင်မည်။-
Jeremiah 21:10ငါသည်ဤမြို့ကိုချမ်းသာမပေးဘဲဖျက် ဆီးပစ်ရန်သန္နိဋ္ဌာန်ချမှတ်ထားလေပြီ။ ယင်း ကိုဗာဗုလုန်မင်း၏လက်သို့ပေးအပ်လိုက် မည်ဖြစ်၍ သူသည်လည်းဤမြို့ကိုမီးရှို့ ဖျက်ဆီးပစ်လိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။