ယေရမိအနာဂတ္တိကျမ်း 26:2
ဤသို့မိန့်တော်မူ၏။ ``ဗိမာန်တော်တံတိုင်း အတွင်း၌ရပ်ပြီးလျှင် ထိုအရပ်သို့ယုဒ မြို့များမှထာဝရဘုရား၏အိမ်တော်တွင် ဝတ်ပြုကိုးကွယ်ရန်လာရောက်ကြသောလူတို့ အား ငါမိန့်မှာသမျှသောစကားတို့ကိုပြော ကြားလော့။ တစ်ခွန်းတစ်လေကိုမျှချန်မ ထားနှင့်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 26
Cross References
Deuteronomy 12:32သင်တို့အားငါမှာကြားသမျှတို့ကိုကျင့် ကြလော့။ ထပ်တိုးခြင်း၊ နုတ်ပယ်ခြင်းမပြု ရ။''
2 Chronicles 24:20ထိုအခါဘုရားသခင်၏ဝိညာဉ်တော် သည် ယဇ်ပုရောဟိတ်ယောယဒ၏သား ဇာခရိအပေါ်သို့သက်ရောက်တော်မူ သဖြင့် ဇာခရိသည်ပြည်သူတို့မြင်သာ သည့်နေရာတွင်ရပ်လျက်``သင်တို့သည်မိမိ တို့အပေါ်သို့ဘေးအန္တရာယ်ဆိုက်ရောက် စေရန် အဘယ်ကြောင့်ငါထာဝရဘုရား ၏အမိန့်တော်ကိုဖီဆန်ကြပါသနည်း။ ငါ့အားသင်တို့စွန့်ပယ်ကြသဖြင့်ငါ သည်လည်းသင်တို့အားစွန့်ပယ်တော်မူ ပြီ'' ဟုဗျာဒိတ်တော်ဆင့်ဆို၏။-
Jeremiah 1:7သို့ရာတွင် ထာဝရဘုရားက``သင်သည် အသက်အရွယ်ငယ်လွန်းသည်ဟုမဆိုနှင့်။ ငါစေလွှတ်သည့်သူထံသို့သင်သွား၍ ငါ မိန့်မှာတော်မူသမျှကိုပြန်ကြားလော့။-
Jeremiah 7:2ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရန် ဤတံခါးမှဝင်ရောက်လာကြသည့်၊ အို ယုဒ ပြည်သူတို့၊ ထာဝရဘုရား၏စကားကို နားထောင်ကြလော့။-
Jeremiah 23:28အိပ်မက်ကိုမြင်မက်သည့်ပရောဖက်သည် မိမိ မြင်မက်သည့်အရာမှာအိပ်မက်မျှသာဖြစ် ကြောင်းပြောကြားသင့်၏။ သို့ရာတွင်ငါ၏ ဗျာဒိတ်တော်ကိုကြားသည့်ပရောဖက်မူကား ထိုဗျာဒိတ်တော်ကိုသစ္စာနှင့်ပြန်ကြားရ၏။ ဂျုံ ဆန်နှင့်နှိုင်းစာသော်ကောက်ရိုးသည်အဘယ် မျှအသုံးဝင်သနည်း။-
Jeremiah 28:5ထိုအခါငါသည်ပရောဖက်ဟာနနိအား ဗိမာန်တော်ထဲတွင်ရပ်လျက်နေသော ယဇ်ပု ရောဟိတ်များနှင့်ပြည်သူအပေါင်းတို့၏ ရှေ့၌၊-