ယေရမိအနာဂတ္တိကျမ်း 27:8
သို့ရာတွင်ဘယ်လူမျိုးသို့မဟုတ်ဘယ် နိုင်ငံသည် ထိုမင်း၏အုပ်စိုးမှုကိုမခံဘဲ နေလျှင် ထိုလူမျိုးအားနေဗုခဒ်နေဇာ မဖျက်ဆီးမီတိုင်အောင်စစ်မက်အန္တရာယ်၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့်အနာ ရောဂါဘေးတို့ဖြင့်ငါသည်အပြစ်ဒဏ် ခတ်တော်မူမည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 27
Cross References
Jeremiah 25:9`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
Jeremiah 38:17ထိုအခါငါသည်ဇေဒကိမင်းအား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်အနန္တ တန်ခိုးရှင်ထာဝရဘုရားက `သင်သည်ဗာ ဗုလုန်ဘုရင်၏မှူးမတ်တို့ထံတွင်လက်နက် ချပါမူအသက်ချမ်းသာရာရလိမ့်မည်။ ဤ မြို့သည်လည်းမီးလောင်ကျွမ်းရလိမ့်မည်မ ဟုတ်။ သင်နှင့်သင်၏အိမ်ထောင်စုသားများ ပါအသက်ချမ်းသာကြလိမ့်မည်။-
Jeremiah 42:10`အကယ်၍သင်တို့သည်ဤပြည်တွင်ဆက်လက် နေထိုင်လိုကြပါမူ၊ ငါသည်သင်တို့အားမဖြို မဖျက်ဘဲတည်ဆောက်မည်။ ငါသည်သင်တို့အား မဆွဲမနုတ်ဘဲစိုက်ပျိုးမည်။ သင်တို့အပေါ်သို့ ငါသက်ရောက်စေခဲ့သည့်ဘေးအန္တရာယ်ဆိုး အတွက်ငါများစွာကြေကွဲဝမ်းနည်းပါ၏။-
Ezekiel 14:21အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငါသည်လူနှင့်တိရစ္ဆာန်တို့ကိုဖျက် ဆီးပစ်ရန်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေး၊ သားရဲတိရစ္ဆာန်တို့၏ဘေးနှင့် အနာရောဂါဘေးတည်းဟူသောအဆိုး ရွားဆုံးသောဘေးကြီးလေးပါးကိုယေရု ရှလင်မြို့ပေါ်သို့သက်ရောက်စေမည်။-