ယေရမိအနာဂတ္တိကျမ်း 28:14
ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည် လူမျိုး တကာတို့အပေါ်သို့သံထမ်းပိုးကိုတင် တော်မူမည်ဖြစ်၍ ထိုသူတို့သည်ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာ၏အစေကိုခံရကြ လိမ့်မည်ဟုမိန့်တော်မူလေပြီ။ ထာဝရဘုရား ကတောတိရစ္ဆာန်များအားပင်လျှင်နေဗုခဒ် နေဇာ၏အစေကိုခံစေမည်ဟုမိန့်တော်မူ လေပြီ'' ဟုပြောကြားရန်စေခိုင်းတော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 28
Cross References
Deuteronomy 28:48သို့ဖြစ်၍သင်တို့ကိုတိုက်ခိုက်ရန် ထာဝရ ဘုရားစေလွှတ်သောရန်သူ၏အမှုကိုသင် တို့ထမ်းရလိမ့်မည်။ သင်တို့သည်စားရေး၊ သောက်ရေး၊ ဝတ်ရေးမှစ၍အရာရာ၌ချို့ တဲ့လျက်ရှိကြလိမ့်မည်။ သင်တို့သေကြေ ပျက်စီးသည့်တိုင်အောင် ရန်သူများသည် သင်တို့အားညှင်းဆဲနှိပ်စက်လိမ့်မည်။-
Jeremiah 25:9`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
Jeremiah 27:6လူမျိုးတကာတို့အားငါ၏အစေခံနေ ဗုခဒ်နေဇာ၏လက်အောက်သို့ကျရောက်စေ သူမှာငါပင်ဖြစ်၏။ ငါသည်တောတိရစ္ဆာန် များကိုပင်လျှင်သူ၏အစေကိုခံစေလေ ပြီ။-
Daniel 2:38ကိုယ်တော်သည်အရှင့်အားလူတို့နေထိုင် ရာကမ္ဘာမြေပြင်ရှိသမျှကိုလည်းကောင်း၊ တိရစ္ဆာန်နှင့်ငှက်အပေါင်းတို့ကိုလည်းကောင်း အစိုးရစေတော်မူပါ၏။ အရှင်မင်းကြီး သည်ရုပ်တုကြီး၏ရွှေဦးခေါင်းဖြစ်တော် မူပါ၏။-