ယေရမိအနာဂတ္တိကျမ်း 28:9
သို့ရာတွင်ငြိမ်းချမ်းသာယာမှုရှိလိမ့်မည် ဟုကြိုတင်ဟောကြားသည့်ပရောဖက်ကို မူ သူ၏စကားမှန်လျက်နေသည်ကိုတွေ့ရှိ ရသောအခါမှသာလျှင် သူသည်ထာဝရ ဘုရားအမှန်ပင်စေလွှတ်တော်မူသော ပရောဖက်ဖြစ်ကြောင်းအသိအမှတ် ပြုနိုင်ပါလိမ့်မည်'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 28
Cross References
Deuteronomy 18:21``ပရောဖက်တစ်ဦးကဆင့်ဆိုသောစကားသည် ထာဝရဘုရားထံတော်မှလာသည်မလာ သည်ကိုသင်တို့သိလိုလိမ့်မည်။-
Isaiah 44:26သို့ရာတွင်ကြိုတင်ဟောကြားမှုတစ်စုံတစ်ရာကို ငါ၏အစေခံပြုသောအခါ၌လည်းကောင်း၊ ငါ၏အကြံအစည်တော်များကိုဖော်ပြရန် တမန်တော်တစ်ဦးဦးကိုငါစေလွှတ် သောအခါ၌လည်းကောင်း၊ ငါသည်ထိုအကြံအစည်များနှင့် ကြိုတင်ဟောကြားမှုတို့ကိုအကောင်အထည် ပေါ်စေပါ၏။ ယေရုရှလင်မြို့တွင်လူတို့တစ်ဖန်ပြန်၍ နေထိုင်ကြလိမ့်မည်။ ယုဒမြို့များကိုပြန်လည်ထူထောင်ကြလိမ့် မည်ဟူ၍ ထိုမြို့အသီးသီးတို့အားငါပြောကြားပါ၏။ ထိုမြို့တို့သည်ပြိုပျက်ရာမှပြန်လည်စည်ကား တိုးတက်၍လာလိမ့်မည်။
Jeremiah 6:14ထိုသူတို့သည်ငါ့လူမျိုးတော်၏အနာများ ကိုပေါ့ပေါ့တန်တန်သဘောထား၍ကုသ ကြ၏။ `အစစအရာရာအဆင်မပြေချိန် ၌အစစအရာရာအဆင်ပြေပါသည်' ဟုဆိုကြ၏။-
Jeremiah 14:13ထိုအခါငါက``အရှင်ထာဝရဘုရား၊ ဤ ပြည်တွင်စစ်မက်အန္တရာယ်၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေးအန္တရာယ်ကျရောက်လိမ့်မည်မဟုတ်။ ငြိမ်းချမ်းသာယာမှုသာလျှင်ရှိလိမ့်မည်ဟု ပရောဖက်များဟောပြောလျက်နေကြသည် ကိုကိုယ်တော်ရှင်သိတော်မူပါ၏'' ဟု လျှောက်၏။
Ezekiel 33:33သို့ရာတွင်သင်၏ဟောကြားချက်မှန်သမျှ သည်မှန်ကန်လာရမည်ဖြစ်သည့်အတိုင်း အကောင်အထည်ပေါ်လာသောအခါ မိမိ တို့အလယ်တွင်ပရောဖက်တစ်ပါးရောက် ရှိနေကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။