ယေရမိအနာဂတ္တိကျမ်း 29:30
ထိုအခါထာဝရဘုရားက``ငါထာဝရ ဘုရားသည်ရှေမာယနှင့်သူ၏သားမြေး တို့ကိုအပြစ်ဒဏ်ခတ်မည်။ သူ့ကိုငါမစေ လွှတ်ခဲ့သော်လည်းသူသည်ပရောဖက်တစ် ပါးဖြစ်လေဟန်ဖြင့်ဟောပြောကာ သင်တို့ အားမုသားစကားကိုယုံကြည်စေသည် ဖြစ်၍ သူနှင့်သူ၏သားမြေးတစ်စုံတစ်ယောက် မျှမကျန်ငါဒဏ်ခတ်လိမ့်မည်။ သူသည်ငါ၏ လူမျိုးတော်အားငါ့ကိုပုန်ကန်ရန်လှုံ့ဆော် ပြောဆို၏။ ထို့ကြောင့်သူသည်ထိုသူတို့အား ငါချပေးမည့်ကောင်းကျိုးချမ်းသာကိုတွေ့ မြင်ရလိမ့်မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏'' ဟု ရှေမာယနှင့်ပတ်သက်၍မိန့်မြွက်တော်မူ သောစကားကို ဗာဗုလုန်မြို့ရှိသုံ့ပန်း အပေါင်းတို့အားအကြောင်းကြားရန် ငါ့အားမိန့်မှာတော်မူ၏။
Common Language Bible
In The King James Version
Then came the word of the LORD unto Jeremiah, saying,
In Context
29ထိုစာကိုဇေဖနိသည်ငါ့အားဖတ်ပြ၏။-
Read all of ယေရမိအနာဂတ္တိကျမ်း 29