ယေရမိအနာဂတ္တိကျမ်း 3:10
ဤသို့သောအမှုတို့ကိုပြုပြီးနောက် ဣသ ရေလ၏ညီမသစ္စာဖောက်ယုဒသည်ငါ့ထံ သို့ပြန်၍လာ၏။ စိတ်လုံးဝပါ၍မဟုတ်။ ဟန်ဆောင်၍သာလျှင်လာခြင်းဖြစ်၏။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားပင်တည်း'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 3
Cross References
2 Chronicles 34:33ယောရှိမင်းသည်ဣသရေလအမျိုးသား တို့ပိုင်သည့်နယ်မြေမှစက်ဆုပ်ရွံရှာဖွယ် ကောင်းသည့်ရုပ်တုရှိသမျှကိုဖျက်ဆီး၍ မိမိအသက်ရှင်သမျှကာလပတ်လုံး ပြည်သူတို့အားဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်စေ တော်မူ၏။
Psalms 66:3``ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်အံ့သြဖွယ်ကောင်းလှပါသည်တကား။ ကိုယ်တော်ရှင်၏တန်ခိုးတော်သည် ကြီးမားလှသည်ဖြစ်၍ရန်သူတို့သည်ရှေ့တော်တွင် ကြောက်ရွံ့ဝပ်တွားကြပါ၏။
Isaiah 10:6ဘုရားမဲ့လူမျိုး၊ ငါ၏အမျက်တော်ကိုလှုံ့ ဆော်ပေးသည့်လူတို့အားတိုက်ခိုက်ရန်အာ ရှုရိအမျိုးသားတို့ကိုငါစေလွှတ်ခဲ့၏။ သူတို့သည်လုယက်ခိုးဝှက်ကာထိုလူစုကို မြေမှုန့်သဖွယ် လမ်းများပေါ်တွင်ကျော်နင်း ကြစေရန်ငါစေလွှတ်ခဲ့သတည်း'' ဟု မိန့်တော်မူ၏။
Jeremiah 9:1ငါသည်အသတ်ခံကြသော မိမိအမျိုးသားများအတွက်နေ့ရောညဥ့်ပါ ငိုကြွေးနိုင်ရန်ငါ၏မျက်စိများသည် မျက်ရည်စမ်းကဲ့သို့လည်းကောင်း၊ ငါ၏ဦးခေါင်းသည်လည်းရေတွင်းကဲ့သို့ လည်းကောင်း ဖြစ်စေချင်စမ်းပါဘိ။
Hosea 7:14သူတို့သည်အမှန်တကယ်ယုံကြည်စိတ် ဖြင့်ဆုမတောင်းကြ။ ကိုယ်ကိုလှဲချ၍ဟစ် အော်မြည်တမ်းကြ၏။ သူတို့သည်ဆန်စပါး နှင့်စပျစ်ရည်ရရှိရန်ဆုတောင်းသောအခါ ရုပ်တုကိုးကွယ်သူတို့ကဲ့သို့မိမိကိုယ်ကို အနာတရဖြစ်စေပြီးမှတောင်းတတ်ကြ ၏။ သူတို့သည်ငါ့အားပုန်ကန်ကြပြီ တကား။-