ယေရမိအနာဂတ္တိကျမ်း 3:12
ကိုယ်တော်သည်ငါ့ကိုမြောက်ပိုင်းနိုင်ငံသို့စေ လွှတ်၍ထာဝရဘုရားက ``သစ္စာဖောက်ဣသ ရေလ၊ ငါ့ထံသို့ပြန်လာလော့။ ငါသည်ကရု ဏာထားတော်မူသည်ဖြစ်၍သင့်အားအမျက် ထွက်လိမ့်မည်မဟုတ်။ ငါသည်အစဉ်အမြဲ အမျက်ထွက်လျက်နေလိမ့်မည်မဟုတ်ဟု ထာဝရဘုရားမိန့်တော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 3
Cross References
Deuteronomy 30:2သင်နှင့်သင်တို့၏အဆက်အနွယ်များသည် ထာဝရဘုရားထံတော်သို့ပြန်လာ၍ သင် တို့အားငါယနေ့ပေးသောပညတ်များကို စိတ်နှလုံးအကြွင်းမဲ့နာခံစောင့်ထိန်း ကြပါက၊-
2 Kings 17:6ဟောရှေ၏နန်းစံကိုးနှစ်မြောက်၌အာရှုရိ ဧကရာဇ်ဘုရင်သည် ရှမာရိမြို့ကိုသိမ်းယူ၍ ဣသရေလအမျိုးသားတို့အားသုံ့ပန်းများ အဖြစ်အာရှုရိပြည်သို့ဖမ်းသွားပြီးလျှင် အချို့ကိုဟာလမြို့၌လည်းကောင်း၊ အချို့ ကိုဂေါဇန်ခရိုင်၊ ဟာဗော်မြစ်အနီး၌လည်း ကောင်း၊ အချို့ကိုမေဒိပြည်ရှိမြို့များ၌ လည်းကောင်းနေထိုင်စေ၏။
2 Kings 18:1ဧလာ၏သား၊ ဣသရေလဘုရင်ဟောရှေ၏ နန်းစံသုံးနှစ်မြောက်၌ အာခတ်၏သားတော် ဟေဇကိသည်၊ အသက်နှစ်ဆယ့်ငါးနှစ်ရှိသော အခါယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင်မြို့၌နှစ်ဆယ့်ကိုးနှစ်နန်းစံ လေသည်။ သူ၏မယ်တော်မှာဇာခရိ၏ သမီးအာဘိဖြစ်၏။-
2 Chronicles 30:9သင်တို့သည်ထာဝရဘုရား၏ထံတော်သို့ ပြန်လာကြလျှင် သင်တို့၏ဆွေမျိုးသား ချင်းများကိုသုံ့ပန်းအဖြစ်ဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားသူတို့သည်သူတို့အား သနား၍နေရင်းပြည်သို့ပြန်ခွင့်ပြုကြ လိမ့်မည်။ သင်တို့ဘုရားသခင်ထာဝရဘုရား သည်သနားကြင်နာ၍ ကရုဏာထား တော်မူတတ်၏။ သင်တို့သည်အထံတော် သို့ပြန်လာကြလျှင်ကိုယ်တော်သည်သင် တို့အားလက်ခံတော်မူပေအံ့'' ဟုရေး သားဖော်ပြထားသတည်း။
Psalms 86:5ကိုယ်တော်ရှင်၌ကျွန်တော်မျိုးတို့အပေါ် ကောင်းမြတ်သောသဘော၊အပြစ်လွှတ်တတ်သော သဘောရှိတော်မူပါ၏။ အထံတော်သို့ဆုတောင်းပတ္ထနာပြုသူ အပေါင်းတို့ အပေါ်ထားတော်မူသည့်ခိုင်မြဲသော မေတ္တာတော်သည်ကြွယ်ဝပါ၏။
Psalms 103:8ထာဝရဘုရားသည်ချစ်ခင်ကြင်နာတော်မူ၍ စိတ်ရှည်သည်းခံတော်မူလျက် ခိုင်မြဲသောမေတ္တာတော်နှင့်ပြည့်ဝတော်မူ၏။