The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 3 › ယေရမိအနာဂတ္တိကျမ်း 3:17

ယေရမိအနာဂတ္တိကျမ်း 3:17

ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သည်`ထာ​ဝ​ရ​ဘု​ရား​၏​ရာ​ဇ ပလ္လင်​တော်' ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​လည်း ထို​မြို့ တွင်​စု​ရုံး​၍ ငါ​၏​နာ​မ​တော်​ကို​ဂုဏ်​ပြု​ကြ လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​ခက် မာ​သည့်​စိတ်​အ​လို​ကို​လိုက်​၍​ပြု​ကျင့်​ကြ တော့​မည်​မ​ဟုတ်။-

Common Language Bible

In The King James Version

At that time they shall call Jerusalem the throne of the LORD; and all the nations shall be gathered unto it, to the name of the LORD, to Jerusalem: neither shall they walk any more after the imagination of their evil heart.

In Context

16ထို​နောက်​သင်​တို့​သည်​ပြည်​တော်​တွင်​လူ​ဦး​ရေ တိုး​ပွား​များ​ပြား​သော​အ​ခါ လူ​တို့​သည်​ငါ ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​ကြောင်း​ကို စဉ်း​စား ပြော​ဆို​သ​တိ​ရ​ကြ​တော့​မည်​မ​ဟုတ်။ ထို သေတ္တာ​တော်​ကို​လို​အပ်​ကြ​တော့​မည်​မ​ဟုတ်။ အ​ခြား​သေတ္တာ​တော်​ကို​လည်း​ပြု​လုပ်​ကြ လိမ့်​မည်​မ​ဟုတ်။-

18ဣ​သ​ရေ​လ​သည်​ယု​ဒ​နှင့်​ပေါင်း​၍​လူ​တို့ နှင့်​အ​တူ​မြောက်​အ​ရပ်​မှ သင်​တို့​ဘိုး​ဘေး များ​အား​ငါ​အ​ပိုင်​ပေး​အပ်​ခဲ့​သည့်​ပြည် သို့​လာ​ရောက်​ကြ​လိမ့်​မည်'' ဟု​ပြော​ကြား စေ​တော်​မူ​၏။

Read all of ယေရမိအနာဂတ္တိကျမ်း 3

Cross References

Numbers 15:39သင်​တို့​သည်​ပန်း​ပွား​များ​ကို​မြင်​သည့် အ​ခါ​တိုင်း ငါ​၏​ပ​ညတ်​ရှိ​သ​မျှ​ကို သ​တိ​ရ​၍​လိုက်​နာ​ကျင့်​ဆောင်​ကြ​လိမ့် မည်။ ထို​အ​ခါ​သင်​တို့​သည်​ငါ့​ကို​စွန့်​ပယ်​၍ မိ​မိ​တို့​အ​လို​အ​တိုင်း​ပြု​မူ​ကျင့်​ဆောင် ကြ​မည်​မ​ဟုတ်​တော့​ချေ။-

Judges 2:19သို့​ရာ​တွင်​သူ​တို့​သည်​မိ​မိ​တို့​၏​ခေါင်း​ဆောင် ကွယ်​လွန်​သွား​သော​အ​ခါ​၌​မူ ဒုံ​ရင်း​သို့​ပြန် လည်​ဆိုက်​ရောက်​ကြ​လျက် ယ​ခင်​လူ​မျိုး​ဆက် မှ​လူ​တို့​ထက်​ပင်​ပို​မို​ဆိုး​ရွား​စွာ​ပြု​မူ​ကျင့် ကြံ​တတ်​ကြ​၏။ အ​ခြား​ဘု​ရား​များ​ကို​ကိုး ကွယ်​ကာ မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​လမ်း​စဉ်​ကို လိုက်​မြဲ​လိုက်​ကြ​ကုန်​သည်။-

Psalms 78:8သူ​တို့​သည်​ဘု​ရား​စ​ကား​ကို​နား​မ​ထောင်​ဘဲ ပုန်​ကန်​တတ်​သော​ဘိုး​ဘေး​တို့​ကဲ့​သို့​မ​ဖြစ် တော့​ပေ။ ထို​ဘိုး​ဘေး​တို့​ကား​အ​ဘယ်​အ​ခါ​က​မျှ ဘု​ရား​သ​ခင်​ကို​စွဲ​မြဲ​စွာ​ကိုး​စား​မှု​မ​ရှိ ခဲ့​ကြ။ ကိုယ်​တော်​၏​အ​ပေါ်​၌​လည်း​အ​စဉ်​အ​မြဲ သစ္စာ​မ​စောင့်​ကြ။

Psalms 102:23ငါ​ငယ်​စဉ်​အ​ခါ​က​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​အား​အင်​ချိ​နဲ့​စေ​တော်​မူ​၍​ငါ​၏​အ​သက် ကို တို​စေ​တော်​မူ​ပါပြီ။

Isaiah 6:1သြ​ဇိ​မင်း​နတ်​ရွာ​စံ​သော​နှစ်​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး​မြင်​ရ​၏။ ကိုယ်​တော်​သည်​မြင့်​မြတ်​သည့်​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ​၏။ ဗိ​မာန်​တော်​တစ်​ခု​လုံး​သည်​လည်း​ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​နှင့်​ပြည့်​၍​နေ​၏။-

Isaiah 49:18သင်​၏​ပတ်​ဝန်း​ကျင်​တွင်​အ​ဘယ်​သို့​ဖြစ်​ပျက် လျက် ရှိ​သည်​ကို​လှည့်​၍​ကြည့်​ပါ​လော့။ သင်​၏​အ​မျိုး​သား​တို့​သည်​စု​ရုံး​လျက် မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​နေ​ကြ​၏။ ငါ​သည်​အ​သက်​ရှင်​တော်​မူ​သည့်​ဘု​ရား ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ၊ သင်​သည်​ကျောက်​မျက်​ရ​တ​နာ​များ​ကို ဝတ်​ဆင်​ထား​သည့် မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကဲ့​သို့​မိ​မိ​၏ အ​မျိုး​သား​များ​အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား ရ​လိမ့်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 3:17

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 3:16ယေရမိအနာဂတ္တိကျမ်း 3ယေရမိအနာဂတ္တိကျမ်း 3:18 →