ယေရမိအနာဂတ္တိကျမ်း 3:19
ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့်အားသားအဖြစ်လက်ခံ၍ ပျော်မွေ့ဖွယ်ကောင်းသောပြည်၊ ကမ္ဘာပေါ်တွင်အသာယာဆုံးသောပြည်ကို ပေးအပ်ရန်ငါအလိုရှိခဲ့၏။ သင်သည်ငါ့အားအဖဟုခေါ်၍အဘယ်အခါ ၌မျှ ငါ့အားကျောမခိုင်းဘဲနေရန်၊ငါအလိုရှိခဲ့၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 3
Cross References
Deuteronomy 14:1``သင်တို့သည်သင်တို့ဘုရားသခင်ထာဝရ ဘုရား၏လူမျိုးတော်ဖြစ်သောကြောင့် သေဆုံး သူအတွက်ဝမ်းနည်းကြေကွဲကြသောအခါ ကိုယ်ခန္ဓာကိုကွဲရှပွန်းပဲ့စေခြင်း၊ ဆံဦး စွန်းကိုရိတ်ခြင်းမပြုရ။-
Proverbs 3:35ပညာရှိသောသူတို့သည် ဘုန်းအသရေကို အမွေခံရ၍၊ မိုက်သောသူတို့မူကား၊ အရှက်ကွဲခြင်းကို ထမ်းသွားရကြလိမ့်မည်။
Isaiah 64:8သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ကျွန်တော်မျိုးတို့၏ဖခင်ဖြစ်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့သည်ရွှံ့စေးနှင့်တူ၍ ကိုယ်တော်ရှင်မူကားအိုးထိန်းသည်နှင့်တူ ပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့ အားဖန်ဆင်းတော်မူခဲ့သည့်အရှင်ဖြစ် သဖြင့်၊-
Jeremiah 5:7``ငါသည်မိမိလူမျိုးတော်၏အပြစ်များကိုအဘယ်ကြောင့်ဖြေလွှတ်ရမည်နည်း။ သူတို့၏သားသမီးများသည်ငါ့ကိုစွန့်ပစ်ကာ ဘုရားအတုအယောင်များကိုတိုင်တည်လျက်ကျိန်ဆိုကြလေပြီ။ ငါသည်မိမိလူမျိုးတော်အားဝစွာကျွေးသော်လည်း သူတို့သည်သူတစ်ပါးအိမ်ရာကိုပြစ်မှားကာပြည့်တန်ဆာများနှင့်မှားယွင်းကြ၏။
Jeremiah 31:9သူတို့အားငါပြန်လည်ခေါ်ဆောင်လာစဉ် ငါ၏လူမျိုးတော်သည်ငိုကြွေးလျက်ဆုတောင်း ပတ္ထနာပြုလျက်ပြန်လာကြလိမ့်မည်။ ငါသည်သူတို့အားစမ်းရေရှိရာအရပ်များ သို့လည်းကောင်း၊ သူတို့ခြေချော်၍မလဲစေရန် လမ်းကောင်းများဖြင့်လည်းကောင်းခေါ်ဆောင်မည်။ ငါသည်ဣသရေလလူမျိုး၏အဘသဖွယ် ဖြစ်၍ ဧဖရိမ်အနွယ်သည်ငါ၏သားဦးဖြစ်၏။''
Jeremiah 32:39ငါသည်သူတို့အားမိမိတို့၏အကျိုး၊ နောင် လာနောက်သားတို့၏အကျိုးငှာတစ်ခုတည်း သောရည်ရွယ်ချက်ဖြင့်အသက်ရှင်စေမည်။ ထိုရည်ရွယ်ချက်မှာငါ့ကိုအစဉ်အမြဲ ကြောက်ရွံ့ရိုသေကြရန်ပင်ဖြစ်သည်။-