ယေရမိအနာဂတ္တိကျမ်း 3:25
အကျွန်ုပ်တို့သည်အရှက်တွင်လဲလျောင်းကာ အသရေပျက်မှုနှင့်လွှမ်းခြုံ၍နေသင့်ကြ ပါ၏။ အကျွန်ုပ်တို့ငယ်စဉ်အချိန်ကစ၍ ယနေ့ထိတိုင်အောင် အကျွန်ုပ်တို့နှင့်ဘိုးဘေး များသည်ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားပြစ်မှားခဲ့ကြပါပြီ။ ကိုယ်တော် ၏စကားကိုလည်းနားမထောင်ခဲ့ကြပါ'' ဟုဆိုကြ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 3
Cross References
Judges 2:2သင်တို့သည်ဤပြည်တွင်နေထိုင်သူတို့နှင့် အဘယ်သို့မျှပဋိညာဉ်မပြုရ။ ထိုသူ တို့၏ယဇ်ပလ္လင်များကိုဖြိုချရကြမည် ဟုသင်တို့အားငါမိန့်မှာခဲ့၏။ သို့ရာတွင် သင်တို့သည်ငါ၏အမိန့်ကိုမနာခံကြ။ အဘယ်ကြောင့်ဤသို့ပြုဘိသနည်း။-
Ezra 9:7ဘိုးဘေးများလက်ထက်မှအစပြု၍ယနေ့ တိုင်အောင်ပင် ကိုယ်တော်၏လူမျိုးတော်အကျွန်ုပ် တို့သည် လွန်စွာအပြစ်ကူးခဲ့ကြပါ၏။ ထို အပြစ်များကြောင့်အကျွန်ုပ်တို့၏ဘုရင်များ နှင့်ယဇ်ပုရောဟိတ်တို့သည် လူမျိုးခြားဘုရင် များ၏လက်သို့အပ်နှင်းခြင်း၊ ဋ္ဌားဘေးသင့်ခြင်း၊ လုယက်ခြင်း၊ သုံ့ပန်းအဖြစ်ဖမ်းဆီးသွားခြင်း၊ ယခုအခါ၌ကဲ့သို့လုံးဝအသရေပျက် ခြင်းတို့ကိုခံရကြပါ၏။-
Psalms 106:7ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်အီဂျစ် ပြည်၌ ဘုရားသခင်ပြုတော်မူသောအံ့သြဖွယ်ရာ အမှုတော်ကိုနားမလည်ကြပါ။ သူတို့အားကြိမ်ဖန်များစွာပြတော်မူသော မေတ္တာတော်ကိုမေ့လျော့ကြပါ၏။ ထိုနောက်ပင်လယ်နီအနီးတွင်အနန္တ တန်ခိုးရှင်ကို ပုန်ကန်ကြပါ၏။
Proverbs 5:13ငါ့ဆရာတို့၏ စကားကိုနားမထောင်ဘဲ၊ ငါ့အား သွန်သင်သော သူတို့၏စကားကို နားမခံဘဲနေလေပြီ တကား။
Isaiah 48:8သင်တို့အားယုံကြည်စိတ်ချ၍ မရကြောင်းကိုလည်းကောင်း၊ သင်တို့သည်မွေးဖွားလာချိန်မှပင်အစပြု၍ သူပုန်များဟုအခေါ်ခံရကြသည်ကိုလည်း ကောင်း ငါသိ၏။ ထို့ကြောင့်ဤအမှုအရာများအကြောင်းကို သင်တို့သည်အဘယ်အခါကမျှမကြားခဲ့ နားမလည်ခဲ့။ ယခင်ကတည်းကသင်တို့သည်လည်းနားမပွင့်။
Jeremiah 2:2``သင်သည်ယေရုရှလင်မြို့သို့သွား၍ ထိုမြို့ တွင်နေထိုင်သူအပေါင်းတို့အားဤသတင်း စကားကိုပြန်ကြားလော့။'' သင်တို့သည်ငယ်ရွယ်စဉ်အခါကအဘယ်သို့ သစ္စာရှိခဲ့ကြသည်ကိုငါသတိရ၏။ သင်သည်သတို့သမီးကဲ့သို့ငါ့ကိုချစ်ခဲ့၏။ သင်တို့သည်စိုက်ပျိုးခြင်းမရှိသော တောကန္တာရတစ်လျှောက်လုံးကိုဖြတ်၍ ငါ၏အနောက်သို့လိုက်ခဲ့ကြ၏။