ယေရမိအနာဂတ္တိကျမ်း 30:10
``ငါ၏ကျွန်ယာကုပ်၊မကြောက်ကြနှင့်။ ဣသရေလပြည်သားတို့ထိတ်လန့်တုန်လှုပ်မှု မဖြစ်ကြနှင့်။ သုံ့ပန်းများအဖြစ်နှင့်သင်တို့နေရကြသော ပြည်၊ ထိုဝေးလံသောပြည်မှသင်တို့အား ငါကယ်ဆယ်မည်။ သင်တို့သည်ပြန်လာ၍ငြိမ်းချမ်းစွာနေထိုင် ရကြလိမ့်မည်။ သင်တို့သည်ဘေးမဲ့လုံခြုံမှုကိုရရှိကြ လိမ့်မည်။ အဘယ်သူမျှသူတို့အားချောက်လှန့် ရလိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 30
Cross References
Deuteronomy 31:6အားမာန်တင်း၍ရဲရင့်ခြင်းရှိကြလော့။ ထို လူမျိုးတို့ကိုမကြောက်ရွံ့ကြနှင့်။ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားကိုယ်တော် တိုင် သင်တို့နှင့်အတူရှိတော်မူမည်။ သင်တို့ ကိုမုချကူမတော်မူမည်။ စွန့်ပစ်ထား တော်မူမည်မဟုတ်'' ဟူ၍ဖြစ်၏။
Isaiah 41:10မကြောက်ကြနှင့်၊ ငါသည်သင်တို့နှင့်အတူ ရှိ၏။ ငါသည်သင်တို့၏ဘုရားသခင်ဖြစ်တော် မူ၏။ အဘယ်အမှုအရာကိုမျှငါတို့အားတုန်လှုပ် ချောက်ချားမှုမဖြစ်စေနှင့်။ ငါသည်သင်တို့အားကြံ့ခိုင်စေ၍ကူမမည်။ သင်တို့ကိုကာကွယ်စောင့်ရှောက်၍ ကယ်တင်မည်။
Isaiah 43:5မကြောက်ကြနှင့်ငါသည်သင်တို့နှင့်အတူ ရှိ၏။ ``ဝေးလံသောအရှေ့အရပ်နှင့်အနောက်အရပ်၊ အစွန်ဆုံးဒေသမှသင်တို့အမျိုးသားများ ကို မိမိတို့ပြည်သို့ငါခေါ်ဆောင်ခဲ့မည်။
Isaiah 46:11ငါသည်အရှေ့အရပ်မှလူတစ်ဦးကိုခေါ် ယူမည်။ သူသည်စွန်ရဲကဲ့သို့ထိုးဆင်းလာပြီးလျှင် ငါကြံစည်ထားသည့်အမှုတို့ကိုဆောင်ရွက် ပေးလိမ့်မည်။ ဤကားငါမြွက်ဆိုသည့်စကားဖြစ်၍ဤ အတိုင်း ဖြစ်ပျက်ရလိမ့်မည်။
Isaiah 49:12ငါ၏လူမျိုးတော်သည်ရပ်ဝေးဒေသများမှ လည်းကောင်း၊ မြောက်အရပ်နှင့်အနောက်အရပ်မှလည်းကောင်း၊ တောင်အရပ်ရှိသိနိမ်ပြည်မှလည်းကောင်း လာရောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Isaiah 54:4မကြောက်နှင့်၊သင်သည်နောက်တစ်ဖန် အသရေပျက်ရတော့မည်မဟုတ်။ ရှုတ်ချခြင်းကိုလည်းခံရလိမ့်မည်မဟုတ်။ သင်သည်ငယ်ရွယ်စဉ်အခါကသစ္စာမဲ့သည့် ဇနီး ဖြစ်ခဲ့မှုကိုလည်းကောင်း၊ မုဆိုးမအဖြစ်ဖြင့်မကြံတတ်အောင်ပင် ကိုယ်တိုင်ကြုံခဲ့ရသည်ကိုလည်းကောင်း၊ မေ့လျော့သွားလိမ့်မည်။