ယေရမိအနာဂတ္တိကျမ်း 30:19
ထိုနေရာတို့တွင်နေထိုင်ကြသူများသည် ထောမနာသီချင်းကိုသီဆိုကြလိမ့်မည်။ သူတို့သည်ဝမ်းမြောက်စွာကြွေးကြော်ကြ လိမ့်မည်။ ငါသည်သူတို့အားလူဦးရေတိုးပွားစေ၍ ဂုဏ်အသရေရှိစေမည်။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 30
Cross References
Ezra 6:22သူတို့သည်ခုနစ်ရက်တိုင်တိုင် တဆေးမဲ့မုန့်ပွဲတော်ကိုဝမ်းမြောက်ရွှင်လန်းစွာကျင်းပကြလေသည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်အတွက် ဗိမာန်တော်ကိုတည်ဆောက်ရာတွင်ထာဝရဘုရားသည်အာရှုရိဧကရာဇ်မင်း အားထောက်ပံ့ကူညီလိုစိတ်ကိုသွင်းပေးတော်မူ၏။ သို့ဖြစ်၍သူတို့သည် အလွန်ပင်ဝမ်းမြောက်ကြလေသည်။
Nehemiah 8:17ဖမ်းဆီးသိမ်းသွားရာမှပြန်လာသူလူ အပေါင်းတို့သည် သစ်ခက်တဲများထိုး၍ နေထိုင်ကြလေသည်။ နုန်၏သားယောရှု လက်ထက်မှအစပြု၍ ယနေ့တိုင်အောင် ပထမဆုံးအကြိမ်သစ်ခက်တဲနေပွဲကို ကျင်းပခြင်းဖြစ်၍ လူတိုင်းပင်ရွှင်လန်း ဝမ်းမြောက်ကြကုန်၏။-
Psalms 53:6ဣသရေလအမျိုးသားတို့ကိုကယ်တင်ခြင်း ကျေးဇူးတော်သည်ဇိအုန်တောင်တော်မှ ထွက်ပေါ်လာစေရန်ငါသည်စိတ်အားထက်သန်စွာ ဆုတောင်းပတ္ထနာပြုပါ၏။ ဘုရားသခင်သည်ဣသရေလအမျိုးသားတို့ အား တစ်ဖန်ပြန်လည်၍ကောင်းစားစေတော်မူသော အခါ သူတို့သည်လွန်စွာဝမ်းမြောက်ကြလိမ့်မည်။
Isaiah 12:1``အို ထာဝရဘုရားကိုယ်တော်ရှင်အား၊ ကျွန်တော်မျိုးထောမနာပြုပါ၏။ ကိုယ်တော်ရှင်သည်ယခင်ကကျွန်တော်မျိုးအား အမျက်ထွက်တော်မူခဲ့သော်လည်း၊ ယခုအခါအမျက်ထွက်တော်မမူတော့ဘဲ နှစ်သိမ့်မှုကိုပေးတော်မူပါပြီ'' ဟု လူတို့သီဆိုကူးဧကြမည့်အချိန်ကာလ ရောက်လာလိမ့်မည်။
Isaiah 27:6ထိုနေ့၌ယာကုပ်၏သားမြေးများဖြစ်သော ဣသရေလအမျိုးသားတို့သည် သစ်ပင်သဖွယ် အမြစ်စွဲ၍ဖူးပွင့်ကြလိမ့်မည်။ ကမ္ဘာမြေကြီး သည်သူတို့၏သားမြေးများနှင့်ပြည့်နှက်၍ နေလိမ့်မည်။
Isaiah 51:3``ငါသည်ဇိအုန်မြို့နှင့်ထိုမြို့၏ပျက်စီးယိုယွင်းလျက် ရှိသည့်အဆောက်အဦများတွင် နေထိုင်သူတို့အားကရုဏာပြမည်။ ဇိအုန်ဒေသသည်တောကန္တာရပင်ဖြစ်သော်လည်း ငါသည်ယင်းကိုဧဒင်အရပ်မှာကဲ့သို့ ထာဝရဘုရား၏ဥယျာဉ်ဖြစ်စေမည်။ ထိုအရပ်တွင်လူတို့သည်ဝမ်းမြောက်ရွှင်လန်းလျက်၊ ထောမနာသီချင်းဆိုလျက်၊ငါ၏ကျေးဇူးတော်ကို ချီးမွမ်းလျက်နေကြလိမ့်မည်။