ယေရမိအနာဂတ္တိကျမ်း 30:3
အဘယ်ကြောင့်ဆိုသော်ငါ၏လူမျိုးတော် ဣသရေလအမျိုးသားများနှင့်ယုဒအမျိုး သားများအား ငါပြန်လည်ထူထောင်ပေးမည့် အချိန်ကျရောက်လာတော့မည်ဖြစ်သောကြောင့် တည်း။ ငါသည်သူတို့ကိုမိမိတို့ဘိုးဘေးများ အား ငါပေးအပ်ခဲ့သည့်ပြည်သို့ပြန်လည်ခေါ် ဆောင်ခဲ့မည်ဖြစ်၍ သူတို့သည်ထိုပြည်ကိုတစ် ဖန်ပြန်၍ပိုင်ဆိုင်ရကြပေတော့အံ့။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
4ဣသရေလပြည်သားများနှင့်ယုဒပြည် သားတို့အားထာဝရဘုရားဤသို့မိန့် တော်မူ၏။
Read all of ယေရမိအနာဂတ္တိကျမ်း 30
Cross References
Deuteronomy 30:3သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အားသနားကရုဏာရှိတော် မူလိမ့်မည်။ ထို့အပြင်အပြည်ပြည်သို့ ရောက်ရှိနေထိုင်ရာမှ သင်တို့ကိုပြန်လည် ခေါ်ဆောင်တော်မူလိမ့်မည်။ သင်တို့၏ စီးပွားရေးကိုလည်း တစ်ဖန်တိုးတက် စေတော်မူလိမ့်မည်။-
Ezra 3:8သို့ဖြစ်၍သူတို့သည် ယေရုရှလင်မြို့ရှိဗိမာန် တော်တည်ခဲ့ရာသို့ပြန်လည်ရောက်ရှိလာသည့် နှစ်၊ ဒုတိယလ၌ဗိမာန်တော်တည်ဆောက်မှု လုပ်ငန်းကို စတင်လုပ်ကိုင်ကြလေသည်။ ဇေရုဗ ဗေလ၊ ယောရှုနှင့်ဆွေမျိုးသားချင်းများ၊ ယဇ် ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များမှစ ၍ ယေရုရှလင်မြို့သို့ပြန်လာကြသည့်ပြည် နှင်ဒဏ်သင့်သူအပေါင်းတို့သည် တည်ဆောက် မှုလုပ်ငန်းတွင်ပါဝင်ကြလေသည်။ အသက် နှစ်ဆယ်နှင့်အထက်ရှိသူလေဝိအနွယ် ဝင်တို့သည် ဗိမာန်တော်တည်ဆောက်မှုကို ကြီးကြပ်ရန်တာဝန်ယူကြရ၏။-
Psalms 53:6ဣသရေလအမျိုးသားတို့ကိုကယ်တင်ခြင်း ကျေးဇူးတော်သည်ဇိအုန်တောင်တော်မှ ထွက်ပေါ်လာစေရန်ငါသည်စိတ်အားထက်သန်စွာ ဆုတောင်းပတ္ထနာပြုပါ၏။ ဘုရားသခင်သည်ဣသရေလအမျိုးသားတို့ အား တစ်ဖန်ပြန်လည်၍ကောင်းစားစေတော်မူသော အခါ သူတို့သည်လွန်စွာဝမ်းမြောက်ကြလိမ့်မည်။
Jeremiah 16:15ယင်းသို့ကျိန်ဆိုမည့်အစားလူတို့သည်ငါ့ အားဣသရေလပြည်သားတို့ကိုမြောက် ပြည်မှလည်းကောင်း၊ သူတို့အားငါကွဲလွင့် စေရာအခြားပြည်အပေါင်းမှလည်းကောင်း ပြန်လည်ခေါ်ဆောင်လာသည့်အသက်ရှင် တော်မူသောဘုရားသခင်အဖြစ်ဖြင့် တိုင်တည်ကျိန်ဆိုကြလိမ့်မည်။ ငါသည် သူတို့အားမိမိတို့ပိုင်သောပြည်၊ သူတို့ ဘိုးဘေးများအားငါပေးအပ်ခဲ့သည့် ပြည်သို့ပြန်လည်ခေါ်ဆောင်လာတော်မူ မည်'' ဟုမိန့်တော်မူ၏။
Jeremiah 23:7ထာဝရဘုရားက``လူတို့သည်ငါ့အား ဣသရေလပြည်သားတို့ကို အီဂျစ်ပြည် မှထုတ်ဆောင်လာသည့်အသက်ရှင်တော်မူ သောဘုရားသခင်အဖြစ်ဖြင့် တိုင်တည် ကျိန်ဆိုမှုမပြုကြတော့မည့်အချိန် ကျရောက်လာလိမ့်မည်။-
Jeremiah 27:22ထိုဘဏ္ဍာတို့သည်ဗာဗုလုန်မြို့သို့ယူဆောင် သွားပြီးလျှင် ယင်းတို့အားငါတစ်ဖန်ဂရု စိုက်သည့်အချိန်တိုင်အောင်ထိုမြို့တွင်ရှိနေ လိမ့်မည်။ ထိုနောက်ငါသည်ထိုဘဏ္ဍာများကို ဤဌာနတော်သို့ပြန်လည်ပို့ဆောင်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုပြောကြားလေသည်။