The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 31 › ယေရမိအနာဂတ္တိကျမ်း 31:20

ယေရမိအနာဂတ္တိကျမ်း 31:20

``အို ဣ​သ​ရေ​လ၊သင်​သည်​ငါ​၏​အ​ချစ်​ဆုံး​သား၊ ငါ​၏​အ​မြတ်​နိုး​ဆုံး​သား​ဖြစ်​၏။ ငါ​သည်​သင်​၏​နာ​မည်​ကို​ထုတ်​ဖော်​၍ ပြော​ဆို​ရ​သည့်​အ​ခါ​တိုင်း​သင့်​အား​လွမ်း​ဆွတ် သ​တိ​ရ​လျက်​နေ​၏။ ငါ​သည်​သင့်​အား​ချစ်​ခင်​စွဲ​လန်း​သည်​ဖြစ်​၍ က​ရု​ဏာ​ထား​မည်။

Common Language Bible

In The King James Version

Is Ephraim my dear son? is he a pleasant child? for since I spake against him, I do earnestly remember him still: therefore my bowels are troubled for him; I will surely have mercy upon him, saith the LORD.

In Context

19ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​မှ ထွက်​ခွာ​ခဲ့​ကြ​သော်​လည်း၊ မ​ကြာ​မီ​အ​ခါ​၌​ပင်​အ​ထံ​တော်​သို့​ပြန်​လာ​ရန် နောင်​တ​ရ​ပါ​၏။ ကိုယ်​တော်​ရှင်​ဆုံး​မ​တော်​မူ​ခြင်း​ကို​နား​လည်​ပြီး နောက် ကျွန်​တော်​မျိုး​တို့​သည်​ရင်​ကို​ထု​လျက် ဝမ်း​နည်း​ကြေ​ကွဲ​လျက်​နေ​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ငယ်​စဉ်​အ​ခါ​က အ​ပြစ်​ပြု​ခဲ့​ကြ​သော​ကြောင့် အ​ရှက်​ရ​၍​အ​သ​ရေ​ပျက်​ရ​ကြ​ပါ​၏။'

21မှတ်​တိုင်​များ​ကို​စိုက်​ထူ​၍​လမ်း​ကို​မှတ်​သား ထား​လော့။ သင်​တို့​ထွက်​ခွာ​သွား​ရာ​လမ်း​ကို​တစ်​ဖန် ပြန်​၍​ရှာ​လော့။ ဣ​သ​ရေ​လ​ပြည်​သား​တို့​ပြန်​လာ​ခဲ့​ကြ​လော့။ သင်​တို့​စွန့်​ခွာ​သွား​သည့်​မြို့​များ​သို့​ပြန်​လာ ခဲ့​ကြ​လော့။

Read all of ယေရမိအနာဂတ္တိကျမ်း 31

Cross References

Genesis 43:30ယော​သပ်​သည်​ညီ​ကို​မြင်​ရ​သ​ဖြင့်​ကြင်​နာ သော​စိတ်​ရှိ​၍ မျက်​ရည်​မ​ဆည်​နိုင်​သော​ကြောင့် မိ​မိ​၏​အ​ခန်း​တွင်း​သို့​ဝင်​၍​ငို​ကြွေး​လေ​၏။-

Deuteronomy 32:36ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​၏ အင်​အား​ကုန်​သည့်​အ​ဖြစ်​ကို​မြင်​ရ​သော အ​ခါ သူ​တို့​အား​ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​ကို​ဆည်း​ကပ်​ကိုး​ကွယ်​သူ​တို့ ခို​ကိုး​ရာ​မဲ့​သည့်​အ​ဖြစ်​ကို​မြင်​တော်​မူ​သော အ​ခါ သူ​တို့​အား​က​ရု​ဏာ​ပြ​တော်​မူ​လိမ့်​မည်။

1 Kings 3:26မိ​ခင်​စစ်​သည်​မိ​မိ​၏​သား​ကို​ချစ်​လှ​သ​ဖြင့် မင်း​ကြီး​အား``အ​ရှင်​မင်း​ကြီး၊ က​လေး​ကို သတ်​တော်​မ​မူ​ပါ​နှင့်။ ထို​မိန်း​မ​အား​ပေး တော်​မူ​ပါ''ဟု​လျှောက်​၏။ သို့​ရာ​တွင်​အ​ခြား​မိန်း​မ​က``က​လေး​ကို​မည် သူ​မျှ​မ​ယူ​ပါ​စေ​နှင့်။ နှစ်​ပိုင်း​ဖြတ်​တော်​မူ​ပါ'' ဟု​လျှောက်​လေ​သည်။-

Proverbs 3:12ထာဝရဘုရားသည် ချစ်တော်မူသော သူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသော သူကို ဆုံးမ တော်မူတတ်၏။

Isaiah 16:11ငါ​သည်​မော​ဘ​ပြည်​အ​တွက်​စိတ်​ညှိုး​ငယ် လျက်၊ ကိ​ရ​ဟ​ရက်​မြို့​အ​တွက်​ဝမ်း​နည်း လျက်​ညည်း​ညူ​မိ​ပါ​၏။-

Isaiah 55:7သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​သော အ​ကျင့်​များ​ကို​စွန့်​လွှတ်​၍၊ မိ​မိ​တို့​၏​စိတ်​နေ​သ​ဘော​ထား​များ​ကို​လည်း ပြောင်း​လဲ​ကြ​ရာ​၏။ သူ​တို့​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​လှည့်​ကြ​ရာ​၏။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​တတ်​၍​လျင်​မြန်​စွာ အ​ပြစ်​လွှတ်​တော်​မူ​တတ်​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 31:20

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 31:19ယေရမိအနာဂတ္တိကျမ်း 31ယေရမိအနာဂတ္တိကျမ်း 31:21 →