The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 31 › ယေရမိအနာဂတ္တိကျမ်း 31:34

ယေရမိအနာဂတ္တိကျမ်း 31:34

ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ရန်​အ​ဘယ်​သူ​မျှ မိ​မိ​တို့​မြို့​သူ​မြို့​သား​အ​ချင်း​ချင်း​ကို လည်း​ကောင်း၊ ပြည်​သူ​အ​ချင်း​ချင်း​ကို​လည်း ကောင်း​သွန်​သင်​ပေး​ရန်​လို​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​ငယ်​ဆုံး​သူ​မှ အ​ကြီး​မြတ်​ဆုံး​သူ​အ​ထိ​ငါ့​ကို​သိ ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​မည်။ သူ​တို့​ပြု​ခဲ့​သည့်​ဒု​စ​ရိုက် များ​ကို​လည်း​အ​မှတ်​ရ​တော့​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

Common Language Bible

In The King James Version

And they shall teach no more every man his neighbour, and every man his brother, saying, Know the LORD: for they shall all know me, from the least of them unto the greatest of them, saith the LORD; for I will forgive their iniquity, and I will remember their sin no more.

In Context

33သူ​တို့​နှင့်​ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​သစ်​ကား​ဤ သို့​တည်း။ ငါ​သည်​မိ​မိ​၏​တ​ရား​တော်​ကို​သူ တို့​၏​စိတ်​အ​တွင်း​သို့​သွတ်​သွင်း​ပေး​မည်။ သူ တို့​၏​နှ​လုံး​သား​ပေါ်​တွင်​ရေး​မှတ်​၍​ထား မည်။ ငါ​သည်​သူ​တို့​၏​ဘု​ရား​ဖြစ်​လျက်​သူ တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​ကြ​လိမ့်​မည်။-

35ထာ​ဝ​ရ​ဘု​ရား​သည်​နေ့​အ​ခါ​အ​လင်း​ရောင် ပေး​ရန် နေ​ကို​လည်း​ကောင်း၊ ညဥ့်​အ​ခါ​ထွန်း​လင်း​စေ​ရန်​လ​နှင့်​ကြယ်​များ ကို​လည်း​ကောင်း​စီ​ရင်​တော်​မူ​၏။ ကိုယ်​တော်​သည်​ပင်​လယ်​ကို​မွှေ​နှောက်​၍​လှိုင်း များ​ကို မြည်​ဟည်း​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​နာ​မ​တော်​ကား​အ​နန္တ​တန်​ခိုး ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ​၍​ဖြစ်​သ​တည်း။

Read all of ယေရမိအနာဂတ္တိကျမ်း 31

Cross References

1 Chronicles 28:9ထို​နောက်​ရှော​လ​မုန်​အား``ငါ့​သား၊ သင်​သည် မိ​မိ​၏​အ​ဖ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို အ​သိ​အ​မှတ်​ပြု​၍​ယုံ​မှား​သံ​သ​ယ​မ​ရှိ ဘဲ နူး​ညွတ်​သော​စိတ်​နှင့်​ဝတ်​ပြု​ကိုး​ကွယ်​ရန် ငါ​သည်​သင့်​အား​တာ​ဝန်​ပေး​အပ်​၏။ ကိုယ်​တော် သည်​ငါ​တို့​၏​အ​ကြံ​အ​စည်​များ​နှင့်​လို​အင် ဆန္ဒ​ရှိ​သ​မျှ​တို့​ကို​သိ​တော်​မူ​၏။ သင်​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပါ​မူ ကိုယ်​တော်​သည် သင့်​အား​နှစ်​သက်​လက်​ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​သည်​ကိုယ်​တော်​အား​ကျော ခိုင်း​မည်​ဆို​ပါ​က​ကိုယ်​တော်​သည်​လည်း သင့်​အား​အ​စဉ်​အ​မြဲ​စွန့်​ပစ်​တော်​မူ ပေ​အံ့။-

Isaiah 11:9ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဇိ​အုန်​တောင်​တော်​ပေါ်​၌ ဘေး​အ​န္တရာယ်​ဖြစ်​စေ​သည့်​အ​ရာ​သို့​မ​ဟုတ် ဆိုး​ညစ်​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ ရှိ​လိမ့်​မည်​မ​ဟုတ်။ ပင်​လယ်​များ​သည်​ရေ​နှင့်​ပြည့်​လျက်​နေ​သ​ကဲ့​သို့၊ ထို​ပြည်​တော်​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​အား သိ​ကျွမ်း​မှု​အ​သိ​ပ​ညာ​နှင့်​ပြည့်​ဝ​၍​နေ​လိမ့် မည်။

Isaiah 30:26လ​သည်​နေ​တ​မျှ​ထွန်း​လင်း​တောက်​ပ​လျက် နေ​သည်​လည်း ခု​နစ်​စင်း​ပြိုင်​တူ​ထွက်​သ​ကဲ့ သို့ ခါ​တိုင်း​ထက်​ခု​နစ်​ဆ​ထွန်း​လင်း​တောက်​ပ လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော် ရ​ရှိ​ခဲ့​သည်​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​အ​ဝတ် နှင့်​ပတ်​စည်း​၍ အ​နာ​များ​ကို​ကု​သ​ပျောက် ကင်း​စေ​တော်​မူ​သော​အ​ခါ၊ ဤ​အ​မှု​အ​ရာ အ​ပေါင်း​သည်​ဖြစ်​ပျက်​၍​လာ​လိမ့်​မည်။

Isaiah 33:24ငါ​တို့​ပြည်​တွင်​နေ​ထိုင်​ကြ​သူ​အ​ပေါင်း​တို့ သည်​ဖျား​နာ​ပါ​သည်​ဟူ​၍ အ​ဘယ်​အ​ခါ​၌ မျှ​ညည်း​ညူ​ရကြ​လိမ့်​မည်​မ​ဟုတ်။ အ​ပြစ် ရှိ​သ​မျှ​မှ​လည်း​ဖြေ​လွှတ်​ကြ​လိမ့်​မည်။

Isaiah 44:22ငါ​သည်​သင်​တို့​၏​အ​ပြစ်​များ​ကို မိုး​တိမ်​သ​ဖွယ် လွင့်​စင်​သွား​စေ​ပြီ။ ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ သင်​တို့​ကို ကယ်​တင်​သူ​ကား​ငါ​ပင်​ဖြစ်​၏။''

Isaiah 54:13``သင်​၏​လူ​တို့​အား​ငါ​ကိုယ်​တိုင်​ဆုံး​မ​သွန်​သင်​မည်။ သင်​၏​သား​သ​မီး​တို့​အား​ချမ်း​သာ​ကြွယ်​ဝ​မှု​နှင့် ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ငါ​ပေး​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 31:34

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 31:33ယေရမိအနာဂတ္တိကျမ်း 31ယေရမိအနာဂတ္တိကျမ်း 31:35 →