ယေရမိအနာဂတ္တိကျမ်း 31:38
ထာဝရဘုရားက``မြို့တော်တစ်ခုလုံးကို ဟာနနေလရဲတိုက်မှ မြို့ထောင့်တံခါးတိုင် အောင်ပြန်လည်တည်ဆောက်ရမည့်အချိန် ကာလကျရောက်လာလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 31
Cross References
2 Chronicles 26:9သြဇိသည်မြို့ရိုးထောင့်တံခါး၊ ချိုင့်တံခါးနှင့် မြို့ရိုးထောင့်ထိပ်တို့တွင်မျှော်စင်များကိုတည် ဆောက်ခြင်းအားဖြင့် ယေရုရှလင်ကိုခိုင်ခံ့ အောင်ပြုတော်မူ၏။-
Nehemiah 3:1မြို့ရိုးကိုပြန်လည်တည်ဆောက်ကြပုံကား ဤ သို့တည်း။ ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်နှင့်သူ၏ အဖော်ယဇ်ပုရောဟိတ်တို့သည် သိုးတံခါး ကိုပြန်လည်တည်ဆောက်၍ဆက်ကပ်ပြီး လျှင် တံခါးရွက်များကိုတပ်ဆင်ကြ၏။ သူတို့သည်မြို့ရိုးကိုရာပြည့်ပြအိုးနှင့် ဟာနနေလပြအိုးတိုင်အောင်ဆက်ကပ် ကြ၏။
Psalms 102:17ကိုယ်တော်သည်မိမိစွန့်ပစ်ထားသည့်လူစု တော်၏ လျှောက်ထားချက်ကိုကြားတော်မူ၍ သူတို့၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူလိမ့်မည်။
Jeremiah 23:5ထာဝရဘုရားက``ဒါဝိဒ်၏ဖြောင့်မတ်သော သားမြေးတစ်ဦးကို မင်းအဖြစ်ငါရွေးချယ် ခန့်ထားမည့်အချိန်ဧကန်အမှန်ကျရောက် လာလိမ့်မည်။ ထိုမင်းသည်ပညာဉာဏ်နှင့်အုပ် စိုး၍တိုင်းပြည်တစ်လျှောက်လုံးတွင် အမှန် တရားအတိုင်းတရားမျှတစွာစီရင်လိမ့် မည်။-
Jeremiah 31:27``ဣသရေလပြည်နှင့်ယုဒပြည်ကိုလူများ၊ တိရစ္ဆာန်များနှင့်ငါပြည့်နှက်စေမည့်အချိန် ကာလကျရောက်လာလိမ့်မည်ဖြစ်ကြောင်း ငါ ထာဝရဘုရားမြွက်ဆို၏။-
Daniel 9:25ယခုဖော်ပြမည့်အချက်ကိုသတိပြု ၍နားလည်လော့။ ယေရုရှလင်မြို့ကိုပြန် လည်တည်ထောင်ရန်အမိန့်ပေးချိန်မှစ၍ ဘုရားသခင်ရွေးချယ်သည့်ခေါင်းဆောင် ပေါ်လာချိန်အထိ နှစ်ပေါင်းခုနစ်နှစ်နှင့် ခုနစ်လီရှိလိမ့်မည်။ ယေရုရှလင်မြို့သည် လမ်းများ၊ ခိုင်ခံ့သောမြို့ရိုးများနှင့်ပြန် လည်တည်ထောင်ခြင်းကိုခံရလိမ့်မည်။ ခုနစ်လီကြာအောင်တည်လိမ့်မည်။ သို့ ရာတွင်ထိုကာလသည်ဒုက္ခများရာ ကာလဖြစ်လိမ့်မည်။-