ယေရမိအနာဂတ္တိကျမ်း 31:5
ရှမာရိတောင်ကုန်းများပေါ်တွင်စပျစ်ဥယျာဉ် များကိုတစ်ဖန်စိုက်ပျိုးလျက် ယင်းသို့စိုက်ပျိုး သူတို့သည်ထိုဥယျာဉ်များမှထွက်သည့်အသီး များကိုစားသုံးရကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 31
Cross References
Deuteronomy 20:6သင်တို့တွင်စပျစ်ခြံကိုစိုက်၍အသီးကိုမစု သိမ်းရသေးသူရှိသလော။ ရှိလျှင်ထိုသူသည် အိမ်သို့ပြန်စေ။ သို့မဟုတ်လျှင်အကယ်၍သူ သည်တိုက်ပွဲတွင်ကျဆုံးခဲ့သော် အခြားသူ တစ်ယောက်ကခြံထွက်စပျစ်သီးကိုစားရ လိမ့်မည်။-
1 Samuel 21:5ဒါဝိဒ်က``အကျွန်ုပ်၏ငယ်သားတို့သည်ကာမ ရာဂစပ်ယှက်မှုနှင့်ကင်းလွတ်ကြပါ၏။ သူတို့ သည်သာမန်ကိစ္စနှင့်ခရီးထွက်သည့်အခါ၌ ပင်လျှင် ဘာသာရေးကျင့်ဝတ်အရသန့်စင်မှု ရှိအောင်နေထိုင်ကြသည်ဖြစ်၍ ယခုကဲ့သို့ အထူးကိစ္စနှင့်ခရီးထွက်ချိန်၌ပို၍သန့် စင်အောင်နေကြပါသည်'' ဟုပြော၏။
Isaiah 62:8ထာဝရဘုရားသည်တန်ခိုးကြီးသောလက်ယာ လက်တော်နှင့်ကျိန်ဆိုတော်မူသည်။ ``သင်၏ကောက်ပဲသီးနှံများသည်ရန်သူတို့အတွက် ရိက္ခာဖြစ်ရတော့မည်မဟုတ်။ လူမျိုးခြားတို့သည်လည်းသင်ကြိုးစား၍ လုပ်ဆောင်ခဲ့သောစပျစ်ရည်ကိုသောက်ရကြ တော့မည်မဟုတ်။
Isaiah 65:21လူတို့သည်အိမ်များကိုတည်ဆောက်၍မိမိ တို့ကိုယ်တိုင်နေထိုင်ရကြလိမ့်မည်။ ထိုအိမ် များတွင်မဆိုင်သူများနေရမည်မဟုတ် ပေ။ လူတို့သည်စပျစ်ဥယျာဉ်များကိုစိုက် ပျိုး၍စပျစ်သီးများကိုစားရကြလိမ့် မည်။-
Amos 9:14ငါသည်ငါ၏လူမျိုးတော်ကိုနေရင်း ပြည်သို့ ပြန်လည်ဆောင်ယူလာမည်။ သူတို့သည်ပြိုလဲနေသောမြို့များကို ပြန်လည်တည်ဆောက်ကြ၍ ထိုမြို့များ၌ပြန်လည်နေထိုင်ခွင့်ရကြ လိမ့်မည်။ စပျစ်ခြံများကိုစိုက်ပျိုး၍စပျစ်ရည် သောက်ခွင့်ရကြလိမ့်မည်။ ဥယျာဉ်များကိုစိုက်ပျိုးကြ၍ ကိုယ်တိုင်စိုက်သောသီးနှံတို့ကိုကိုယ်တိုင် စားရသောအခွင့်ရကြလိမ့်မည်။
Micah 4:4လူတိုင်းပင်မိမိတို့၏စပျစ်ဥယျာဉ်၊မိမိတို့၏ သဖန်းခြံထဲ၌မကြောက်လန့်ရဘဲ၊ အေးချမ်းသာယာစွာနေထိုင်ရလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်မြွက်တော်မူသောကတိတော်ဖြစ်သတည်း။