ယေရမိအနာဂတ္တိကျမ်း 31:7
ထာဝရဘုရားက၊ ``လူမျိုးတကာတို့တွင်အထွတ်အထိပ် ဖြစ်သည့် ဣသရေလအမျိုးသားတို့အတွက်ဝမ်းမြောက် စွာ ကြွေးကြော်ကြလော့။ `ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ကယ်တင်တော်မူပြီ။ ဣသရေလအမျိုးမှကြွင်းကျန်သူအပေါင်း တို့အား ကယ်ဆယ်တော်မူပြီ' ဟူသော ထောမနာသီချင်းကိုသီဆိုကြလော့။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 31
Cross References
Deuteronomy 32:43``တိုင်းနိုင်ငံတို့၊ထာဝရဘုရား၏လူမျိုး တော်ကို ချီးကူးကြလော့။ ကိုယ်တော်သည်မိမိလူမျိုးတော်ကိုသတ်သူ ရှိသမျှတို့အားဒဏ်ခတ်တော်မူမည်။ ကိုယ်တော်၏ရန်သူတို့ကိုလက်စားချေမည်။ မိမိလူမျိုးတော်၏အပြစ်များကိုလွှတ်တော် မူမည်။''
Psalms 28:9အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏လူစုတော်အားကယ်တော်မူပါ။ ကိုယ်တော်ရှင်ပိုင်တော်မူသောသူတို့အား ကောင်းချီးပေးတော်မူပါ။ သူတို့အားသိုးထိန်းသဖွယ်ထာဝစဉ်ကြည့်ရှု စောင့်ရှောက်တော်မူပါ။
Psalms 69:35ကိုယ်တော်သည်ဇိအုန်တောင်ကိုကယ်ဆယ်တော် မူ၍ ယုဒမြို့တို့ကိုပြန်၍တည်တော်မူလိမ့်မည်။ ကိုယ်တော်၏လူစုတော်သည်ထိုမြို့များတွင် နေထိုင်ကြလျက်တိုင်းပြည်ကိုပိုင်ဆိုင်ကြ လိမ့်မည်။
Psalms 98:1ထာဝရဘုရားအားသီချင်းသစ်ကိုဆို၍ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်သည်အံ့သြဖွယ်ရာအမှုတော်တို့ကို ပြုတော်မူပြီ။ ကိုယ်တော်သည်မိမိ၏တန်ခိုးတော်ဖြင့် လည်းကောင်း၊ ခွန်အားစွမ်းရည်တော်ဖြင့်လည်းကောင်း အောင်ပွဲကိုရတော်မူပြီ။
Psalms 117:1နိုင်ငံတကာတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ လူမျိုးအပေါင်းတို့၊ကိုယ်တော်အား ထောမနာပြုကြလော့။
Psalms 138:4အို ထာဝရဘုရား၊ ကမ္ဘာမြေကြီးပေါ်ရှိဘုရင်အပေါင်းတို့သည် ကိုယ်တော်ရှင်၏ကတိတော်များကိုကြား သိရသဖြင့် ကိုယ်တော်ရှင်အားထောမနာပြုကြပါလိမ့်မည်။