The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 32 › ယေရမိအနာဂတ္တိကျမ်း 32:22

ယေရမိအနာဂတ္တိကျမ်း 32:22

ကိုယ်​တော်​ရှင်​သည် သူ​တို့​၏​ဘိုး​ဘေး​များ အား​ကတိ​ထား​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ချမ်း သာ​ကြွယ်​ဝ​၍ အ​သီး​အ​နှံ​ပေါ​များ​သည့် ဤ​ပြည်​တော်​ကို​သူ​တို့​အား​ပေး​အပ်​တော် မူ​ပါ​၏။-

Common Language Bible

In The King James Version

And hast given them this land, which thou didst swear to their fathers to give them, a land flowing with milk and honey;

In Context

21ရန်​သူ​များ​အား​ကြောက်​လန့်​တုန်​လှုပ်​၍ သွား​စေ​သည့်​ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ များ​နှင့်​အံ့​သြ​ဖွယ်​ရာ​တို့​ဖြင့် ကိုယ်​တော်​ရှင် သည်​ကိုယ်​တော်​ရှင်​၏​တန်​ခိုး​စွမ်း​အား​တို့ ကို​အ​သုံး​ပြု​၍ ကိုယ်​တော်​ရှင်​၏​လူ​မျိုး တော်​ဣ​သ​ရေ​လ​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​ပါ​၏။-

23သို့​ရာ​တွင်​သူ​တို့​သည်​ဤ​ပြည်​ကို​ဝင်​ရောက် သိမ်း​ပိုက်​ရ​ကြ​သော​အ​ခါ ကိုယ်​တော်​ရှင် ၏​အ​မိန့်​တော်​များ​ကို​မ​လိုက်​နာ​ကြ​ပါ။ သြ​ဝါ​ဒ​တော်​တို့​ကို​လည်း​မ​ကျင့်​သုံး ကြ​ပါ။ ကိုယ်​တော်​ရှင်​ခိုင်း​စေ​သည့်​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ပြု​မ​လုပ်​ကြ​ပါ။ ထို့​ကြောင့်​ကိုယ်​တော်​ရှင်​သည်​ဤ​ဘေး အန္တ​ရာယ်​ဆိုး​ကို​သူ​တို့​အ​ပေါ်​သို့​သက် ရောက်​စေ​တော်​မူ​ပါ​၏။

Read all of ယေရမိအနာဂတ္တိကျမ်း 32

Cross References

Genesis 13:15သင်​မြင်​သ​မျှ​မြေ​ကို​ငါ​သည်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ထာ​ဝ​စဉ်​အ​ပိုင်​စား​ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​လည်း​မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​စေ​မည်။-

Genesis 17:7သင်​နှင့်​သင်​၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့ အား ငါ​ထား​သော​က​တိ​တော်​ကို​ထာ​ဝ​ရ​တည် မြဲ​သော​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။ ငါ​သည်​သင်​၏ ဘု​ရား၊ သင်​၏​အ​ဆက်​အ​နွယ်​တို့​၏​ဘု​ရား ဖြစ်​မည်။-

Genesis 28:13ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အ​နီး​တွင် ရပ်​နေ​သည်​ကို​မြင်​ရ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​တို့​၏​ဘု​ရား​တည်း​ဟူ သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​ယ​ခု​နား​နေ ရာ​ပြည်​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့ အား​ငါ​ပေး​မည်။-

Genesis 50:24ယော​သပ်​က​သူ​၏​ညီ​အစ်​ကို​တို့​အား``ကျွန်ုပ် သည်​သေ​ရ​တော့​အံ့။ ကျွန်ုပ်​မ​ရှိ​သော်​လည်း ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​အ​မှန်​မု​ချ ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။ သင်​တို့ ကို​ဤ​ပြည်​မှ​ထုတ်​ဆောင်​၍​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ပေး​မည်​ဟု​ကျိန်​ဆို​က​တိ ထား​တော်​မူ​သော​ပြည်​သို့​ခေါ်​ဆောင်​သွား တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။-

Exodus 3:17ငါ​သည်​သင်​တို့​နှိပ်​စက်​ညှင်း​ဆဲ​ခြင်း​ခံ​ရ သော​အီ​ဂျစ်​ပြည်​မှ​သင်​တို့​ကို​ထုတ်​ဆောင် ၍၊ ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​ပြည်​သို့​ပို့​ဆောင်​မည်။ ထို​ပြည်​သည် မြေ​သြ​ဇာ​ထက်​သန်​၍​အ​စာ​ရေ​စာ​ပေါ ကြွယ်​ဝ​၏ ဟူ​၍​မိန့်​တော်​မူ​ကြောင်း​ပြော ပြ​လော့။

Exodus 33:1ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား ``သင်​သည် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သူ​တို့​နှင့် အ​တူ ဤ​အ​ရပ်​မှ​ထွက်​၍၊ ငါ​သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​နှင့်​သူ​တို့​၏​အ​ဆက်​အ​နွယ် တို့​အား​ပေး​မည်​ဟု​က​တိ​ထား​ခဲ့​သော ပြည်​သို့​သွား​လော့။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 32:22

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 32:21ယေရမိအနာဂတ္တိကျမ်း 32ယေရမိအနာဂတ္တိကျမ်း 32:23 →