ယေရမိအနာဂတ္တိကျမ်း 32:35
သူတို့သည်မိမိတို့သားသမီးများအား မောလုပ်ဘုရားကိုယဇ်ပူဇော်ရန်ဟိန္နုံချိုင့် ဝှမ်းတွင် ဗာလဘုရားအတွက်ယဇ်ပလ္လင်ကို တည်ဆောက်ကြ၏။ ဤအမှုကိုပြရန်သူတို့ အားငါမခိုင်းစေခဲ့။ သူတို့သည်ယုဒပြည် သားတို့အားဤသို့အပြစ်ကူးလွန်ရန်ပို့ ဆောင်လမ်းပြကြလိမ့်မည်ဟုလည်း အဘယ် အခါကမျှငါမတွေးတောမိခဲ့'' ဟု မိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 32
Cross References
Exodus 32:21မောရှေကအာရုန်အား``ဤသူတို့သည်သင့် ကြောင့်ထိုမျှလောက်ကြီးလေးသောအပြစ် ကိုပြုမိရန် သူတို့သည်သင့်အားအဘယ် သို့ပြုကြသနည်း'' ဟုမေး၏။
Leviticus 20:2ဣသရေလအမျိုးသားတို့အားအောက်ပါအတိုင်းမိန့်တော်မူ၏။ ``သင်တို့အထဲကဖြစ်စေ၊ သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြားထဲကဖြစ်စေ၊ တစ်ဦးဦးကမိမိ၏သားသမီးကိုမောလုတ်ဘုရားအားမီးရှို့ပူဇော်လျှင်တစ်မျိုးသားလုံးကထိုသူကိုခဲနှင့်ပစ်သတ်ရမည်။-
Deuteronomy 24:4ပထမလင်ယောကျာ်းသည်သူ့အား နောက်တစ် ဖန်မယားအဖြစ်မပေါင်းသင်းရ။ အဘယ် ကြောင့်ဆိုသော်ထိုမိန်းမသည် ညစ်ညမ်းသွား ပြီဟုယူဆရမည်။ ထာဝရဘုရားသည် ယင်းသို့နောက်ထပ်အိမ်ထောင်ပြုခြင်းကို စက်ဆုပ်ရွံရှာတော်မူ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူ မည့်ပြည်တွင် ထိုကဲ့သို့သောဆိုးရွားသည့် အပြစ်ကိုမကူးလွန်ရ။
1 Kings 11:33ဤသို့ငါပြုရမည့်အကြောင်းမှာရှောလမုန်သည် ငါ့ကိုပစ်ပယ်၍ ဇိဒုန်ဘုရားမအာရှတရက်၊ မောဘဘုရားခေမုရှ၊ အမ္မုန်ဘုရားမိလကုံ တို့ကိုဝတ်ပြုကိုးကွယ်သောကြောင့်ဖြစ်၏။ ရှောလမုန်သည်ငါ၏အမိန့်တော်ကိုလွန်ဆန် လေပြီ။ သူသည်မကောင်းမှုကိုပြု၍ငါ၏ ပညတ်တော်များနှင့်အမိန့်တော်တို့ကိုသူ၏ ခမည်းတော်ဒါဝိဒ်နာခံသကဲသို့မနာခံ။-
1 Kings 15:26သူသည်မိမိ၏ခမည်းတော်ကဲ့သို့ပင်ထာဝရ ဘုရားအားပြစ်မှား၍ ဣသရေလပြည်သူတို့ အားအပြစ်ကူးရန်ရှေ့ဆောင်လမ်းပြပေးလေ သည်။
1 Kings 16:19ဤသို့ဖြစ်ရခြင်းမှာ ထာဝရဘုရားအားသူ ပြစ်မှားသည့်အပြစ်များကြောင့်ဖြစ်၏။ သူသည် ဘုရင်ယေရောဗောင်ကဲ့သို့ကိုယ်တိုင်အပြစ်ကူး ၍ ဣသရေလပြည်သူတို့အားအပြစ်ကူးရန်ရှေ့ ဆောင်လမ်းပြခြင်းအားဖြင့် ထာဝရဘုရား မနှစ်သက်သောအမှုကိုပြုလေသည်။-