The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 32 › ယေရမိအနာဂတ္တိကျမ်း 32:4

ယေရမိအနာဂတ္တိကျမ်း 32:4

ဇေ​ဒ​ကိ​မင်း​သည်​ဗာ​ဗု​လုန်​ပြည်​သား​တို့ ၏​ဘေး​မှ​လွတ်​မြောက်​ရ​လိမ့်​မည်​မ​ဟုတ်။ ဗာ​ဗု​လုန်​ဘု​ရင်​၏​လက်​တွင်း​သို့​သက်​ဆင်း ရ​ကာ​သူ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​တွေ့​ဆုံ​ပြော ဆို​ရ​လိမ့်​မည်။-

Common Language Bible

In The King James Version

And Zedekiah king of Judah shall not escape out of the hand of the Chaldeans, but shall surely be delivered into the hand of the king of Babylon, and shall speak with him mouth to mouth, and his eyes shall behold his eyes;

In Context

3ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား​ထို​အ​ရပ်​တွင် အ​ကျဉ်း​ချ​ထား​ပြီး​နောက်``ဤ​မြို့​ကို​ဗာ​ဗု လုန်​ဘု​ရင်​အား​ငါ​ပေး​အပ်​မည်။ သူ​သည် ဤ​မြို့​ကို​သိမ်း​ယူ​လိမ့်​မည်။-

5ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​ခြင်း ကို​ခံ​ရ​၍ သူ့​အား​ငါ​မ​စီ​ရင်​မ​ချင်း​ထို​မြို့ တွင်​နေ​ရ​လိမ့်​မည်။ သူ​သည်​ဗာ​ဗု​လုန်​အ​မျိုး သား​တို့​အား​ပြန်​လှန်​၍​ပင်​တိုက်​ခိုက်​စေ​ကာ မူ​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏ ဟု​မိန့်​တော်​မူ​ကြောင်း​အ​ဘယ့်​ကြောင့်​ဟော ပြော​ကြေ​ညာ​ရ​သ​နည်း'' ဟု​ပြစ်​တင် စွပ်​စွဲ​၏။

Read all of ယေရမိအနာဂတ္တိကျမ်း 32

Cross References

Jeremiah 21:7စစ်​မက်​အန္တ​ရာယ်၊ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​နှင့်​အ​နာ​ရော​ဂါ​ဘေး​ဖြင့်​မ​သေ ဘဲ ကျန်​ရှိ​နေ​သူ​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ၊ သူ​၏ မှူး​မတ်​များ​နှင့်​ပြည်​သူ​တို့​ကို​မူ​ကား မိ​မိ တို့​ကို​သတ်​လို​သူ​ရန်​သူ​များ​နှင့်​နေ​ဗု​ခဒ် နေ​ဇာ​၏​လက်​တွင်​အ​ဖမ်း​ခံ​ရ​စေ​မည်။ နေ ဗု​ခဒ်​နေ​ဇာ​သည်​လည်း​သူ​တို့​အား​ကွပ်​မျက် စေ​လိမ့်​မည်။ အ​ဘယ်​သူ​ကို​မျှ​အ​သက်​ချမ်း သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သူ​ကို​မျှ သ​နား​က​ရု​ဏာ​ပြ​လိမ့်​မည်​မ​ဟုတ်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

Jeremiah 37:17ဇေ​ဒ​ကိ​မင်း​သည် ငါ့​အား​နန်း​တော်​သို့​ခေါ်​ယူ ပြီး​လျှင် ``ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ဗျာ ဒိတ်​တော်​တစ်​စုံ​တစ်​ရာ​ရ​ရှိ​ပါ​သ​လော'' ဟု​တိတ်​တ​ဆိတ်​မေး​မြန်း​တော်​မူ​၏။ ငါ​က``ရှိ​ပါ​သည်။ အ​ရှင်​သည်​ဗာ​ဗု​လုန်​ဘု​ရင် ၏​လက်​တွင်း​သို့​ရောက်​ရှိ​ရ​ပါ​လိမ့်​မည်'' ဟု ပြန်​လည်​လျှောက်​ထား​၏။-

Jeremiah 38:23ထို​နောက်​ငါ​က``ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ သည် အ​ရှင်​၏​မိ​ဖု​ရား​များ​နှင့်​သား​သ​မီး အ​ပေါင်း​ကို​ထုတ်​ဆောင်​သွား​လိမ့်​မည်။ အ​ရှင် ကိုယ်​တိုင်​ပင်​လျှင်​သူ​တို့​၏​ဘေး​မှ​လွတ် မြောက်​လိမ့်​မည်​မ​ဟုတ်​ပါ။ ဗာ​ဗု​လုန်​ဘု​ရင် ၏​ဖမ်း​ဆီး​ခြင်း​ကို​ခံ​ရ​ပါ​လိမ့်​မည်။ ဤ မြို့​သည်​လည်း​မီး​ကျွမ်း​လောင်​၍​သွား​လိမ့် မည်'' ဟု​လျှောက်​ထား​ပြန်​၏။

Jeremiah 39:7ဇေ​ဒ​ကိ​၏​မျက်​စိ​များ​ကို​ထိုး​ဖောက်​စေ​၏။ ထို​နောက်​သူ့​အား​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင် သွား​ရန်​သံ​ကြိုး​များ​ဖြင့်​ချည်​နှောင်​ထား စေ​လေ​သည်။-

Ezekiel 12:12သူ​တို့​အား​အုပ်​စိုး​လျက်​ရှိ​သော​မင်း​သည်​မိ​မိ အ​ထုပ်​ကို​ထမ်း​၍​အုတ်​တံ​တိုင်း​တွင်​သူ​တို့​တူး ဖောက်​ပေး​သည့်​အ​ပေါက်​မှ​ထွက်​ပြေး​ရ​လိမ့်​မည်။ သူ​၏​မျက်​စိ​များ​ကို​ဖုံး​၍​ထား​သ​ဖြင့်​သူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။-

Ezekiel 17:15သို့​သော်​လည်း​ယုဒ​ဘု​ရင်​သည်​ပုန်​ကန်​ထ ကြွ​လျက် မြင်း​နှင့်​စစ်​သည်​အ​မြောက်​အ​မြား ကို​စစ်​ကူ​ရ​ရှိ​ရန် အီ​ဂျစ်​ပြည်​သို့​သံ​တ​မန် များ​ကို​စေ​လွှတ်​လေ​သည်။ သူ​၏​အ​ကြံ​ထ မြောက်​သ​လော။ ဘေး​လွတ်​မည်​လော။ ငြိမ်း ချမ်း​ရေး​စာ​ချုပ်​ကို​ချိုး​ဖောက်​ပြီး​နောက် အ​ပြစ်​ပေး​ခြင်း​ကို​မ​ခံ​ရ​ဘဲ​နေ​မည် လော။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 32:4

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 32:3ယေရမိအနာဂတ္တိကျမ်း 32ယေရမိအနာဂတ္တိကျမ်း 32:5 →