ယေရမိအနာဂတ္တိကျမ်း 32:41
သူတို့အားကောင်းကျိုးပေးရန်ကိုသာနှစ် သက်မည်။ ဤပြည်တွင်အစဉ်အမြဲ နေရာ ချထားမည်။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 32
Cross References
Isaiah 60:21သင်၏လူအပေါင်းတို့သည်မှန်ရာကိုပြုကျင့် ကြလျက်၊ ပြည်တော်ကိုအစဉ်အမြဲပိုင်ဆိုင်ရကြလိမ့်မည်။ လူအပေါင်းတို့ရှေ့တွင်ငါ၏ဘုန်းတော်ကို ထင်ရှားစေရန်၊ ငါသည်သူတို့ကိုပြုစုပျိုးထောင်ခဲ့ပြီ။
Isaiah 62:5ထာဝရဘုရားသည်သင့်ကိုမင်္ဂလာဆောင် သတို့သမီးသဖွယ်သိမ်းပိုက်တော်မူလိမ့်မည်။ မင်္ဂလာဆောင်သတို့သမီးကိုသတို့သားသည် နှစ်သက်သကဲ့သို့၊ ဘုရားသခင်သည်သင့်ကိုနှစ်သက်တော်မူ လိမ့်မည်။
Jeremiah 18:9သို့ရာတွင်အကယ်၍ငါသည်ဤမည်သော လူမျိုး သို့မဟုတ်တိုင်းပြည်ကိုပြုစုပျိုး ထောင်တည်ဆောက်မည်ဆိုပြီးနောက်၊-
Jeremiah 31:28ငါသည်ဂရုပြု၍သူတို့အားနုတ်ပယ်ဖြိုချ၊ မှောက်လှန်ဖျက်ဆီး၊ ပျက်ပြုန်းစေခဲ့သည်နည်း တူတစ်ဖန်ပြန်၍ပြုစုပျိုးထောင်တည်ဆောက် ၍ပေးမည်။-
Hosea 2:19ဣသရေလ၊ငါသည်သင့်အားဇနီးအဖြစ် သိမ်းပိုက်မည်။ သင့်အပေါ်၌ငါ၏သစ္စာခိုင်မြဲမည်။ သင့်အားမေတ္တာကရုဏာထား၍တရားဝင် ဇနီးအဖြစ်ရာသက်ပန်သိမ်းပိုက်မည်။
Amos 9:15ငါသည်ငါ၏လူမျိုးတော်ကိုငါပေးခဲ့သော နေရင်းပြည်၌ပင်နေထိုင်စေမည်။ အဘယ်သူမျှသူတို့ကိုနောက်တစ်ဖန် ဆွဲနုတ်ခြင်းမခံစေရ'' ဟု သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူပြီ။ ပရောဖက်အာမုတ်စီရင်ရေးသားသော အနာဂတ္တိကျမ်းပြီး၏။