ယေရမိအနာဂတ္တိကျမ်း 33:3
``ငါ့ကိုဟစ်ခေါ်လော့။ ငါထူးမည်။ စိုးစဉ်းမျှ သင်မသိနားမလည်သည့်ထူးဆန်းအံ့သြ ဖွယ်ကောင်းသောအမှုအရာများကိုသင့် အားငါဖော်ပြမည်။-
Common Language Bible
In The King James Version
Call unto me, and I will answer thee, and shew thee great and mighty things, which thou knowest not.
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 33
Cross References
Deuteronomy 4:29သို့ရာတွင်သင်တို့သည် ထိုနိုင်ငံများ၌သင် တို့၏ဘုရားသခင်ထာဝရဘုရားကိုရှာ ကြလိမ့်မည်။ ထာဝရဘုရားကိုအစွမ်း ရှိသမျှနှင့်ရှာလျှင်တွေ့လိမ့်မည်။-
Psalms 25:14ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့နှင့်မိတ်သဟာယဖွဲ့တော် မူ၏။ သူတို့အတွက်ကိုယ်တော်၏ပဋိညာဉ်တရား တော်ကို တည်မြဲစေတော်မူ၏။
Psalms 91:15သူတို့သည်ငါ့ကိုခေါ်သောအခါငါထူးမည်။ သူတို့ဒုက္ခရောက်သောအခါသူတို့နှင့်အတူ ငါရှိမည်။ ငါသည်သူတို့အားကယ်ဆယ်၍ချီးမြှင့်မည်။
Isaiah 45:3မှောင်မိုက်သည့်ဘဏ္ဍာတိုက်များနှင့်လျှို့ဝှက် သည့် အရပ်တွင် သိမ်းဆည်းထားသည့်ပစ္စည်းဥစ္စာရတနာ များကို သင့်အားငါပေးမည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်း၊ ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် သင့်ကိုရွေးချယ်၍ခန့်ထားတော်မူပြီ ဖြစ်ကြောင်းကိုသင်သိရှိရလိမ့်မည်။
Isaiah 55:6ထာဝရဘုရားသည်ယခုသင်တို့အနီးတွင် ရှိတော်မူပြီဖြစ်၍၊ အထံတော်သို့လှည့်၍ဆုတောင်းပတ္ထနာပြု ကြလော့။
Jeremiah 29:12ထိုအခါသင်တို့သည်ငါ့အားဟစ်ခေါ်ကြ လိမ့်မည်။ ငါ့ထံသို့လာ၍ဆုတောင်းပတ္ထနာ ပြုကြလိမ့်မည်။ ငါသည်လည်းသင်တို့၏ပန် ကြားချက်ကိုနားညောင်းမည်။-