ယေရမိအနာဂတ္တိကျမ်း 34:5
အေးချမ်းစွာသေရလိမ့်မည်။ လူတို့သည် သင်၏ဘိုးဘေးများအတွက် နံ့သာပေါင်း ကိုမီးရှို့ခဲ့ကြသည့်နည်းတူ သင်၏အတွက် လည်းနံ့သာပေါင်းကိုမီးရှို့ကြလိမ့်မည်။ သူ တို့သည်`ငါတို့ဘုရင်ကွယ်လွန်ပြီ' ဟုဆို၍ သင်၏အတွက်ငိုကြွေးမြည်တမ်းကြလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟူ၍မိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 34
Cross References
1 Samuel 31:12သူရဲကောင်းအချို့တို့သည် ဗက်ရှန်မြို့ကို တစ်ညလုံးချီတက်သွားကြ၏။ သူတို့သည် ရှောလုနှင့်သားတော်တို့၏အလောင်းများ ကိုမြို့ရိုးမှဖြုတ်ယူပြီးလျှင် ယာဗက်မြို့ သို့သယ်ဆောင်၍မီးသင်္ဂြိုဟ်လိုက်ကြ၏။-
2 Chronicles 16:14ဒါဝိဒ်မြို့တွင်သူ၏အတွက်ပြုလုပ်ထား သည့်ကျောက်ဂူတွင်သင်္ဂြိုဟ်ကြ၏။ ပြည်သူတို့ သည်သင်္ဂြိုဟ်ရန်အတွက်မင်းကြီး၏အလောင်း ကို နံ့သာမျိုးများ၊ ဆီမွှေးများနှင့်မွမ်းမံ ပြင်ဆင်ကြပြီလျှင်ဝမ်းနည်းကြေကွဲသည့် အထိမ်းအမှတ်ဖြင့်မီးပုံပွဲကြီးကို ကျင်းပကြလေသည်။
2 Chronicles 34:28ယေရုရှလင်မြို့အားပေးမည့်အပြစ်ဒဏ် ကိုသင်၏လက်ထက်တွင်တွေ့မြင်ရမည် မဟုတ်။ ငါသည်သင့်အားငြိမ်းချမ်းစွာ စုတေခွင့်ကိုပေးတော်မူမည်' ဟုမိန့်တော် မူသည်'' ဟူ၍ဖြစ်၏။ သူတို့သည်ဗျာဒိတ် တော်ကိုပြန်ကြားရန်မင်းကြီးထံသို့ ပြန်သွားကြ၏။
Lamentations 4:20သူတို့သည်ထာဝရဘုရားရွေးချယ်သည့်ဘုရင် ငါတို့၏အသက်သခင်ရန်သူအပေါင်းတို့၏ဘေးမှ ကွယ်ကာစောင့်ရှောက်ရန်ငါတို့ယုံကြည်ကိုးစားသည့် အရှင်ကိုဖမ်းဆီးကြပါ၏။
Daniel 2:46ထိုအခါနေဗုခဒ်နေဇာမင်းသည်ဒံယေလ ၏ရှေ့တွင်မြေသို့တိုင်အောင်ဦးညွှတ်တော်မူ ပြီးလျှင် ဒံယေလအားယဇ်နှင့်ပူဇော်သကာ များဆက်ကပ်ကြရန်အမိန့်ပေးတော်မူ၏။-