bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 35 › ယေရမိအနာဂတ္တိကျမ်း 35:18
ယေရမိအနာဂတ္တိကျမ်း 35:18
ထိုနောက်ငါသည်ရေခပ်သားချင်းစုအား ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``သင်တို့ သည်မိမိတို့ဘိုးဘေးယောနဒပ်ပေးအပ် သည့်ပညတ်ကိုစောင့်ထိန်းကြလေပြီ။ သူ၏ ညွှန်ကြားချက်များကိုလိုက်နာကျင့်သုံးကာ သူမိန့်မှာသမျှသောအမှုတို့ကိုပြုကြ လေပြီ။-
Common Language Bible
In The King James Version
And Jeremiah said unto the house of the Rechabites, Thus saith the LORD of hosts, the God of Israel; Because ye have obeyed the commandment of Jonadab your father, and kept all his precepts, and done according unto all that he hath commanded you:
In Context
17သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အနန္တတန်ခိုးရှင်ငါထာဝရ ဘုရားသည် မိမိကတိထားခဲ့သည့်ဘေး အန္တရာယ်ဆိုးကိုယုဒပြည်သူများနှင့်ယေရု ရှလင်မြို့သူမြို့သားများအပေါ်သို့သက် ရောက်စေမည်။ အဘယ်ကြောင့်ဆိုသော်သင် တို့သည်ငါပြောသောအခါနားမထောင်၊ ငါ ခေါ်သောအခါ၌မထူးကြသောကြောင့် ဖြစ်၏ဟုမိန့်တော်မူကြောင်းပြောကြား လော့'' ဟုမိန့်တော်မူ၏။
19သို့ဖြစ်၍ရေခပ်၏သားယောနဒပ်သည်ငါ ၏အမှုတော်ကိုထမ်းဆောင်မည့်သားမြေးများ အစဉ်မပြတ်ထွန်းကားရလိမ့်မည်ဖြစ်ကြောင်း ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ငါထာဝရဘုရားကတိ ပြု၏'' ဟုမိန့်တော်မူကြောင်းပြန်ကြား ပြောဆိုလေသည်။
Read all of ယေရမိအနာဂတ္တိကျမ်း 35
Cross References
Deuteronomy 4:40ယနေ့သင်တို့အားငါပေးသောပညတ်တော် အားလုံးကိုစောင့်ထိန်းကြလျှင် သင်တို့နှင့် တကွသင်တို့၏အဆက်အနွယ်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ သင်တို့သည် လည်းဘုရားသခင်ထာဝရဘုရားက သင် တို့အားအမြဲပိုင်ရန်ပေးတော်မူသောပြည် တွင်ဆက်လက်နေထိုင်ရကြလိမ့်မည်'' ဟု ဆိုလေ၏။
Ephesians 6:1သားသမီးတို့၊ သင်တို့မိဘများ၏စကား ကိုနားထောင်ကြလော့။ ထိုသို့ပြုခြင်းသည် ခရစ်ယာန်များအနေဖြင့်ပြုအပ်သည့်ဝတ် ဖြစ်၏။-
This Verse In Other Editions
Study ယေရမိအနာဂတ္တိကျမ်း 35:18