ယေရမိအနာဂတ္တိကျမ်း 36:10
ထိုအခါဗာရုတ်သည်စာလိပ်ပါငါနှုတ် တိုက်ချပေးသမျှသောစကားတို့ကို ဗိမာန် တော်တွင်းရှိလူတို့ကြားနိုင်လောက်သောအရပ် မှဖတ်ပြလေသည်။ သူသည်ဂေမရိ၏သား ဘုရင်၏အတိုင်ပင်ခံအမတ်ရှာဖန်၏အခန်း မှနေ၍ထိုစာလိပ်ကိုဖတ်သတည်း။ ထိုအခန်း သည်ဗိမာန်တော်အဝင်ဝတံခါးသစ်အနီး အထက်တံတိုင်းအတွင်း၌တည်ရှိလေသည်။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 36
Cross References
2 Samuel 20:25ရှေဝသည်တရားရုံးတော်အတွင်းဝန်ဖြစ် ၍ဇာဒုတ်နှင့်အဗျာသာတို့သည်ယဇ်ပုရော ဟိတ်များဖြစ်ကြ၏။-
2 Kings 18:37ထိုနောက်ဧလျာကိမ်၊ ရှေဗနနှင့်ယောအာတို့ သည်ဝမ်းနည်းလျက် မိမိတို့အဝတ်များကို ဆုတ်ကာအာရှုရိအရာရှိ၏စကားကိုမင်း ကြီးထံပြန်ကြားလျှောက်ထားကြ၏။
Jeremiah 26:10ယုဒခေါင်းဆောင်များသည် ထိုအဖြစ်အပျက် အကြောင်းကိုကြားသိကြသောအခါ ဘုရင် နန်းတော်မှလာ၍ဗိမာန်တော်တံခါးသစ် အဝင်ဝ၌နေရာယူကြ၏။-
Jeremiah 29:3ငါသည်စာကိုယုဒဘုရင်ဇေဒကိက နေဗုခဒ်နေဇာထံစေလွှတ်သော ရှာဖန်၏သား ဧလာသာနှင့်ဟိလခိ၏သားဂေမရိတို့ အားဖြင့်ပေးပို့လိုက်၏။ စာတွင်၊
Jeremiah 36:6သို့ရာတွင်နောက်တစ်ကြိမ်လူတို့အစာရှောင် ကြသောအခါ၌ ငါသည်သင့်အားဗိမာန် တော်သို့သွားစေလိုသည်။ ငါ့အားထာဝရ ဘုရားမိန့်ကြားသဖြင့်သင့်အားငါနှုတ် တိုက်ချပေးခဲ့သမျှသောစကားများကို လူတို့ကြားသိကြစေရန်သင်သည်ထိုစာ လိပ်ကိုကျယ်စွာဖတ်ပြရမည်။ မိမိတို့မြို့ ရွာများမှရောက်ရှိလာကြသောယုဒပြည် သားအပါအဝင်ရှိရှိသမျှသောလူတို့ ကြားသိကြစေရန်သင်သည်ဤစာလိပ် ကိုဖတ်ပြလော့။-
Jeremiah 36:11ဂေမရိ၏သားရှာဖန်၏မြေး၊ မိက္ခာယသည် ထိုစာလိပ်တွင်ပါရှိသည့်ထာဝရဘုရား ၏စကားတော်တို့ကိုကြားလျှင်၊-