ယေရမိအနာဂတ္တိကျမ်း 36:12
နန်းတော်အတွင်းမှူးမတ်များစည်းဝေးလျက် ရှိရာဘုရင့်အတိုင်ပင်ခံအမတ်၏အခန်းသို့ သွားလေသည်။ ထိုအရပ်တွင်ဘုရင့်အတိုင်ပင်ခံ အမတ်ဧလိရှမာ၊ ရှေမာယ၏သားဒေလာသ၊ အာခဗော်၏သားဧလနာသန်၊ ရှာဖန်၏သား ဂေမရိ၊ ဟာနနိ၏သားဇေဒကိနှင့်အခြား မှူးမတ်အပေါင်းတို့ရှိကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 36
Cross References
2 Kings 22:12မင်းကြီးသည်ဟိလခိ၊ ရှာဖန်၊ ရှာဖန်၏သား အဟိကံ၊ မိက္ခာ၏သားအာခဗော်၊ မိမိ၏ အစေခံအသဟိတို့ကိုခေါ်၍၊-
2 Kings 24:8ယေခေါနိသည်အသက်တစ်ဆယ့်ရှစ်နှစ်ရှိ သောအခါ ယုဒဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင်မြို့တွင်သုံးလမျှနန်းစံရ လေသည်။ သူ၏မယ်တော်မှာယေရုရှလင် မြို့သားဧလနာသန်၏သမီးနဟုတ္တဖြစ်၏။-
Jeremiah 26:22ယောယကိမ်မင်းသည်လည်းဥရိယအား ဖမ်းဆီးရန် အာခဗော်၏သားဧလနာသန် နှင့်လူအချို့ကိုအီဂျစ်ပြည်သို့စေလွှတ် လိုက်၏။-
Jeremiah 28:1ထိုနှစ်တည်းဟူသောဇေဒကိမင်းနန်းစံ စတုတ္ထနှစ်ပဉ္စမလ၌အာဇုရ၏သား ဂိဘောင်မြို့နေပရောဖက်ဟာနနိသည် ယေရမိအားဗိမာန်တော်ထဲတွင်ယဇ်ပုရော ဟိတ်များနှင့်ပြည်သူတို့၏ရှေ့၌၊-
Jeremiah 36:20မှူးမတ်တို့သည်စာလိပ်ကိုဘုရင့်အတိုင် ပင်ခံအမတ်ဧလိရှမာ၏အခန်းတွင်ထား ခဲ့၍ နန်းတော်သို့သွားရောက်ကာမင်းကြီး အားဖြစ်ပျက်သမျှအကြောင်းစုံကိုသံ တော်ဦးတင်ကြ၏။-
Jeremiah 41:1သတ္တမလ၌ဘုရင်ခံမင်း၏အရာရှိကြီး တစ်ဦးဖြစ်သူဧလိရှမာ၏မြေး၊ နာသနိ ၏သား၊ မင်းမျိုးမင်းနွယ်တစ်ဦးဖြစ်သူ ဣရှမေလသည်လူဆယ်ယောက်နှင့်အတူ ဂေဒလိအားတွေ့ဆုံရန် မိဇပါမြို့သို့လာ ၏။ သူတို့သည်အတူတကွမိဇပါမြို့တွင် စားသောက်လျက်နေကြစဉ်၊-