ယေရမိအနာဂတ္တိကျမ်း 36:26
ထိုနောက်သူသည်အာဇရေလ၏သား၊ စရာယ၊ အာဗဒေလ၏သားရှေလမိတို့နှင့်အတူ သားတော်ယေရမေလအား ငါနှင့်ငါ၏စာ ရေးဗာရုတ်ကိုဖမ်းဆီးရန်အမိန့်ပေးလေ သည်။ သို့ရာတွင်ထာဝရဘုရားသည်ငါ တို့နှစ်ယောက်အားဝှက်ထားတော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 36
Cross References
1 Kings 17:9``ယခုသင်သည်ဇိဒုန်မြို့အနီးရှိဇရတ္တမြို့ သို့သွား၍နေထိုင်လော့။ ထိုမြို့သူမုဆိုးမ တစ်ယောက်အား သင့်ကိုကျွေးမွေးရန်ငါမှာ ကြားထားပြီ'' ဟုမိန့်တော်မူ၏။-
1 Kings 18:10မင်းကြီးသည်အရှင့်အားကမ္ဘာပေါ်ရှိနိုင်ငံတကာ တွင်ရှာဖွေစေကြောင်းကို အသက်ရှင်တော်မူသော ထာဝရဘုရားတည်းဟူသောအရှင်၏ဘုရားသခင်ကိုတိုင်တည်၍အကျွန်ုပ်ကျိန်ဆိုပါ၏။ ဤ မည်သောနိုင်ငံတွင်ဧလိယမရှိပါဟုဆိုသော မင်းအား မင်းကြီးကအကယ်ပင်ရှာ၍မတွေ့ ကြောင်းကိုသစ္စာဆိုစေပါ၏။-
1 Kings 19:10ဧလိယက``အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော်တစ်ပါးတည်း ကိုသာလျှင် အစဉ်ဝတ်ပြုကိုးကွယ်ပါ၏။ ဣသ ရေလပြည်သူတို့မူကားကိုယ်တော်နှင့်ပြုထား သည့်ပဋိညာဉ်ကိုချိုးဖောက်လျက် ကိုယ်တော် ၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကာကိုယ်တော်၏ ပရောဖက်တို့ကိုသတ်ကြပါ၏။ တစ်ဦးတည်း သာမသေဘဲကျန်ရှိသောအကျွန်ုပ်၏အသက် အန္တရာယ်ကိုပင်ရှာကြံလျက်နေကြပါ၏'' ဟု လျှောက်၏။
1 Kings 22:26ထို့နောက်အာဟပ်သည်နန်းတွင်းအရာရှိတစ် ယောက်အား``မိက္ခာကိုဖမ်းဆီး၍မြို့ဝန်အာမုန် နှင့်ယောရှမင်းသားထံသို့ခေါ်ဆောင်သွားလော့။-
2 Kings 11:2အာခဇိ၏သားယောရှတစ်ဦးတည်း သာလျှင် လွတ်မြောက်သွား၏။ အခြားသူ များနှင့်အတူသူ့အားသတ်မည့်ဆဲဆဲ ၌ဒွေးတော်ယောရှေဘကကယ်ဆယ်လိုက် လေသည်။ ယောရှေဘသည်ယဟောရံမင်း ၏သမီးဖြစ်၍ အာခဇိနှင့်အဖေတူ အမေကွဲမောင်နှမတော်သတည်း။ သူ သည်ယောရှအသတ်မခံရစေရန်ယောရှ နှင့်အထိန်းတော်အားခေါ်၍ ဗိမာန်တော် အိပ်ခန်းတွင်ဝှက်ထားလေသည်။-
Psalms 27:5ဘေးအန္တရာယ်ရောက်သည့်ကာလ ငါ့အားကိုယ်တော်ကွယ်ကာစောင့်ရှောက်၍ ထားတော်မူလိမ့်မည်။ ဗိမာန်တော်တွင်လုံခြုံစွာထားတော်မူလိမ့်မည်။ ဘေးကင်းစေရန်ကျောက်ဆောင်မြင့်ပေါ်မှာတင်၍ ထားတော်မူလိမ့်မည်။