The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 38 › ယေရမိအနာဂတ္တိကျမ်း 38:18

ယေရမိအနာဂတ္တိကျမ်း 38:18

သို့​ရာ​တွင်​အ​ကယ်​၍​သင်​လက်​နက်​မ​ချ ပါ​မူ ဤ​မြို့​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ ၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​လိမ့်​မည်။ သူ​တို့ သည်​လည်း​ဤ​မြို့​ကို​မီး​ရှို့​လိုက်​ကြ​လိမ့်​မည်။ သင်​သည်​သူ​တို့​၏​ဘေး​မှ​လွတ်​မြောက်​ရ​လိမ့် မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​လျှောက် ထား​၏။

Common Language Bible

In The King James Version

But if thou wilt not go forth to the king of Babylon’s princes, then shall this city be given into the hand of the Chaldeans, and they shall burn it with fire, and thou shalt not escape out of their hand.

In Context

17ထို​အ​ခါ​ငါ​သည်​ဇေ​ဒ​ကိ​မင်း​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က `သင်​သည်​ဗာ ဗု​လုန်​ဘု​ရင်​၏​မှူး​မတ်​တို့​ထံ​တွင်​လက်​နက် ချ​ပါ​မူ​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်။ ဤ မြို့​သည်​လည်း​မီး​လောင်​ကျွမ်း​ရ​လိမ့်​မည်​မ ဟုတ်။ သင်​နှင့်​သင်​၏​အိမ်​ထောင်​စု​သား​များ ပါ​အ​သက်​ချမ်း​သာ​ကြ​လိမ့်​မည်။-

19သို့​ရာ​တွင်​ဇေ​ဒ​ကိ​မင်း​က``ဗာ​ဗု​လုန်​အ​မျိုး သား​တို့​ဘက်​သို့​ထွက်​ပြေး​ကြ​သော​ယု​ဒ အ​မျိုး​သား​တို့​ကို​ငါ​ကြောက်​၏။ အ​ကယ် ၍​ငါ​သည်​သူ​တို့​လက်​သို့​အ​အပ်​ခံ​ရ​ခဲ့ သော်​သူ​တို့​သည်​ငါ့​အား​အ​ပြင်း​အ​ထန် ညှင်း​ဆဲ​ကြ​လိမ့်​မည်'' ဟု​ဆို​၏။

Read all of ယေရမိအနာဂတ္တိကျမ်း 38

Cross References

2 Kings 25:4ထို​အ​ခါ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည်​မြို့​ကို ဗာ​ဗု​လုန်​တပ်​သား​များ​ဝိုင်း​ရံ​လျက်​ရှိ​သော် လည်း မြို့​ရိုး​ကို​ဖောက်​၍​ညဥ့်​အ​ခါ​ထွက်​ပြေး ကြ​၏။ သူ​တို့​သည်​ဘု​ရင့်​ဥ​ယျာဉ်​တော်​လမ်း အ​တိုင်း​သွား​ပြီး​လျှင် မြို့​ရိုး​နှစ်​ထပ်​အ​ကြား ရှိ​တံ​ခါး​ပေါက်​မှ​ထွက်​၍​ယော်​ဒန်​ချိုင့်​ဝှမ်း ဘက်​သို့​ပြေး​ကြ​၏။-

Jeremiah 21:10ငါ​သည်​ဤ​မြို့​ကို​ချမ်း​သာ​မ​ပေး​ဘဲ​ဖျက် ဆီး​ပစ်​ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​လေ​ပြီ။ ယင်း ကို​ဗာ​ဗု​လုန်​မင်း​၏​လက်​သို့​ပေး​အပ်​လိုက် မည်​ဖြစ်​၍ သူ​သည်​လည်း​ဤ​မြို့​ကို​မီး​ရှို့ ဖျက်​ဆီး​ပစ်​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘုရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။

Jeremiah 32:3ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား​ထို​အ​ရပ်​တွင် အ​ကျဉ်း​ချ​ထား​ပြီး​နောက်``ဤ​မြို့​ကို​ဗာ​ဗု လုန်​ဘု​ရင်​အား​ငါ​ပေး​အပ်​မည်။ သူ​သည် ဤ​မြို့​ကို​သိမ်း​ယူ​လိမ့်​မည်။-

Jeremiah 34:2ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​သင်​သည်​ယု​ဒ ဘု​ရင်​ဇေ​ဒ​ကိ​ထံ​သို့​သွား​၍​သူ့​အား​ဗျာ ဒိတ်​တော်​ပြန်​ကြား​ရ​မည်​မှာ``ငါ​ထာ​ဝ​ရ ဘု​ရား​သည်​ဤ​မြို့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​အား ပေး​အပ်​မည်။ သူ​သည်​ဤ​မြို့​ကို​မီး​ရှို့​လိမ့်​မည်။-

Jeremiah 38:3ငါ​သည်​ဤ​မြို့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​၏​တပ်​မ တော်​သို့​ပေး​အပ်​မည်။ သူ​သည်​လည်း​ဤ​မြို့ ကို​သိမ်း​ယူ​လိမ့်​မည်'' ဟူ​၍​ဖြစ်​သည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 38:18

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 38:17ယေရမိအနာဂတ္တိကျမ်း 38ယေရမိအနာဂတ္တိကျမ်း 38:19 →