ယေရမိအနာဂတ္တိကျမ်း 4:1
ထာဝရဘုရားက``ဣသရေလပြည်သား တို့၊ အကယ်၍သင်တို့ပြန်လာလိုလျှင်ငါ့ ထံသို့ပြန်လာကြလော့။ ငါရွံမုန်းသည့် ရုပ်တုတို့ကိုဖယ်ရှားကာငါ့အားသစ္စာ စောင့်ကြလျှင်၊-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 4
Cross References
Genesis 35:2ယာကုပ်သည်မိမိ၏မိသားစုနှင့်မိမိထံတွင် နေထိုင်သူအပေါင်းတို့အား``သင်တို့၌ရှိသော အခြားဘုရားများကိုပစ်ပယ်ကြလော့။ ကိုယ် ကိုသန့်စင်စေ၍အဝတ်ကိုလဲလှယ်ဝတ်ဆင် ကြလော့။-
Joshua 24:14ယောရှုကဆက်လက်၍``ယခုသင်တို့သည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ကိုယ် တော်၏အမှုတော်ကိုစိတ်ထက်သန်စွာသစ္စာ ဖြင့်ဆောင်ရွက်ကြလော့။ မက်ဆိုပိုတေးမီးယား ပြည်နှင့်အီဂျစ်ပြည်တွင်သင်တို့၏ဘိုးဘေး များကိုးကွယ်ခဲ့သောဘုရားများကိုစွန့်ပယ် ၍ထာဝရဘုရားကိုသာကိုးကွယ်ကြလော့။-
1 Samuel 7:3ဣသရေလအမျိုးသားတို့အားရှမွေလ က``သင်တို့သည်ထာဝရဘုရားထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လည်လာရောက် လိုပါက လူမျိုးခြားတို့၏ဘုရားများကို လည်းကောင်း၊ အာရှတရက်ဘုရားမ၏ရုပ်တု များကိုလည်းကောင်းစွန့်ပစ်ရကြမည်။ သင်တို့ ၏ကိုယ်ကိုလုံးဝဆက်ကပ်၍ထာဝရဘုရား ကိုသာရှိခိုးဝတ်ပြုကြလျှင် ကိုယ်တော်သည် သင်တို့အားဖိလိတ္တိအမျိုးသားတို့လက်မှ ကယ်တော်မူလိမ့်မည်'' ဟုဆို၏။-
2 Kings 23:24ယောရှိမင်းသည်ဗိမာန်တော်တွင် ယဇ်ပုရောဟိတ် မင်းတွေ့ရှိခဲ့သည့်ကျမ်းစာတော်၌ဖော်ပြထား သောပညတ်များကိုလိုက်နာကျင့်သုံးကြစေရန် ယေရုရှလင်မြို့နှင့်ယုဒတစ်ပြည်လုံး၌တွေ့ ရှိသမျှနတ်ဝင်သည်များ၊ ဗေဒင်ဆရာများ၊ အိမ်စောင့်နတ်အရုပ်များ၊ ရုပ်တုများနှင့် အခြားဝတ်ပြုကိုးကွယ်ရာဝတ္ထုပစ္စည်းများ ကိုဖယ်ရှားတော်မူ၏။-
2 Chronicles 33:8ဣသရေလအမျိုးသားတို့သည်ငါ၏ အမိန့်တော်ရှိသမျှကိုလိုက်နာ၍ မောရှေ ပေးအပ်သည့်ပညတ်ရှိသမျှကိုစောင့်ထိန်း ကြလျှင် ငါသည်သူတို့ကိုဘိုးဘေးတို့ အားငါပေးအပ်ခဲ့သည့်ပြည်တော်မှနှင် ထုတ်တော်မူမည်မဟုတ်'' ဟုမိန့်တော် မူခဲ့၏။-
Isaiah 31:6ဘုရားသခင်က``အို ဣသရေလအမျိုးသား တို့၊ သင်တို့သည်ငါ့ကိုပြစ်မှားကာဆန့်ကျင် ဘက်ပြုကြလေပြီ။ သို့ရာတွင်ယခုငါ၏ ထံသို့ပြန်လာကြလော့။-