The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 4 › ယေရမိအနာဂတ္တိကျမ်း 4:20

ယေရမိအနာဂတ္တိကျမ်း 4:20

ဘေး​အန္တ​ရာယ်​ဆိုး​သည်​တစ်​ခု​ပြီး​တစ်​ခု ပေါ်​ပေါက်​၍​လာ​၏။ တစ်​ပြည်​လုံး​ပင်​ယို​ယွင်း​ပျက်​စီး​၍​ကျန် ခဲ့​၏။ ငါ​တို့​၏​တဲ​များ​သည်​တစ်​ခ​ဏ​ချင်း​၌​ဖြို ပျက်​လျက် ၎င်း​တို့​၏​ကန့်​လန့်​ကာ​တို့​သည်​စုတ်​ပြတ်​၍ သွား​ကြ​၏။

Common Language Bible

In The King James Version

Destruction upon destruction is cried; for the whole land is spoiled: suddenly are my tents spoiled, and my curtains in a moment.

In Context

19ငါ့​အ​သည်း​နာ​လှ​၏။ မ​ခံ​မ​ရပ်​နိုင်​အောင် အ​သည်း​နာ​၏။ ငါ​သည်​ပြင်း​စွာ​နှ​လုံး​တုန်၊ရင်​ခုန်​လျက် နေ​ပါ​သည်​တ​ကား။ ငါ​သည်​အ​ငြိမ်​မ​နေ​နိုင်​တော့​ပြီ။ တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​လည်း​ကောင်း၊တိုက်​ပွဲ ကြွေး​ကြော်​သံ​များ​ကို​လည်း​ကောင်း​ငါကြား ရ​၏။

21ငါ​သည်​တိုက်​ပွဲ​ဆင်​နွှဲ​နေ​သည်​ကို​အ​ဘယ်​မျှ ကြာ​ကြာ တွေ့​မြင်​နေ​ရ​ပါ​မည်​နည်း။ တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​အ​ဘယ်​မျှ​ကြာ​ကြာ ကြား​၍ နေ​ရ​ပါ​မည်​နည်း။

Read all of ယေရမိအနာဂတ္တိကျမ်း 4

Cross References

Exodus 33:5ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``သင်​တို့ သည်​ခေါင်း​မာ​သော​လူ​မျိုး​ဖြစ်​၏။ သင်​တို့ နှင့်​အ​တူ​ခ​ဏ​မျှ​ဖြစ်​စေ​ငါ​သည်​ခ​ရီး သွား​ရ​လျှင်၊ သင်​တို့​အား​တစ်​ယောက်​မျှ မ​ကျန်​သေ​ကျေ​ပျက်​စီး​စေ​မည်။ ယ​ခု ပင်​လျှင်​သင်​တို့​၏​လက်​ဝတ်​တန်​ဆာ​များ ကို​ချွတ်​လော့။ ထို​နောက်​မှ​ငါ​သည်​သင်​တို့ အား​အ​ဘယ်​သို့​စီ​ရင်​ရ​မည်​ကို​ဆုံး​ဖြတ် မည်'' ဟု​မိန့်​တော်​မူ​၏။-

Leviticus 26:21``သင်​တို့​သည်​ငါ့​ကို​အာ​ခံ​၍ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သေး​လျှင် ငါ​သည်​အ​ပြစ် ဒဏ်​ကို​ခု​နစ်​ဆ​ထပ်​မံ​တိုး​၍​ခံ​စေ​မည်။-

Leviticus 26:28ငါ​သည်​အ​မျက်​ထွက်​၍​သင်​တို့​တစ်​ဘက်​၌​နေ လျက် အ​ပြစ်​ဒဏ်​ကို​ယ​ခင်​က​ထက်​ခု​နစ်​ဆ တိုး​၍​ခံ​စေ​မည်။-

Numbers 16:45``ဤ​သူ​တို့​ထံ​မှ​ခွာ​၍​နေ​လော့။ ငါ​သည်​သူ​တို့ ကို​ချက်​ချင်း​ဖျက်​ဆီး​ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​မြေ​ပေါ် တွင်​ပျပ်​ဝပ်​လျက်​နေ​ကြ​၏။-

Psalms 72:19ဘုန်း​ကြီး​သော​နာ​မ​တော်​ကို​အ​စဉ်​အ​မြဲ ထော​မ​နာ​ပြု​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​တစ်​ပြင်​လုံး​၌​ဘုန်း​တော်​နှင့် ပြည့်​ပါ​စေ​သော။ အာ​မင်။ အာ​မင်။

Isaiah 33:20ငါ​တို့​ဘာ​သာ​ရေး​ပွဲ​တော်​များ​ဆင်​နွှဲ​ရာ ဇိ​အုန်​မြို့​ကို​ကြည့်​ကြ​လော့။ ယေ​ရု​ရှ​လင် မြို့​ကို​ကြည့်​ကြ​လော့။ ထို​မြို့​သည်​ဘေး​မဲ့​လုံ ခြုံ​၍​အ​လွန်​နေ​ထိုင်​ရန်​ကောင်း​သည့်​မြို့​ဖြစ် ပါ​သည်​တ​ကား။ ယင်း​သည်​ပန္နက်​တိုင်​များ​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​နုတ်​ယူ​ဘဲ အ​စဉ် ခိုင်​ခံ့​သည့်​ကြိုး​တို့​ဖြင့်​ဆွဲ​ချည်​ထား​ကာ၊ အ​ဘယ်​အ​ခါ​၌​မျှ​မ​ပြောင်း​မ​ရွှေ့​ရ​သည့် တဲ​ရှင်​နှင့်​တူ​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 4:20

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 4:19ယေရမိအနာဂတ္တိကျမ်း 4ယေရမိအနာဂတ္တိကျမ်း 4:21 →