The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 4 › ယေရမိအနာဂတ္တိကျမ်း 4:30

ယေရမိအနာဂတ္တိကျမ်း 4:30

အို ယေ​ရု​ရှ​လင်​မြို့၊သင်​သည်​အ​မင်္ဂ​လာ ရှိ​ပါ​သည်​တ​ကား။ သင်​သည်​အ​ဘယ်​ကြောင့်​နီး​မြန်း​သည့်​အ​ဝတ် ကို ဝတ်​ဆင်​ထား​သ​နည်း။ အ​ဘယ်​ကြောင့်​ကျောက်​မျက်​ရ​တ​နာ​များ​ကို ဆင်​ယင်​၍ သင်​၏​မျက်​လုံး​များ​ကို​ခြယ်​လှယ်​ထား​သ​နည်း။ သင်​သည်​မိ​မိ​ကိုယ်​ကို​အ​ကြောင်း​မဲ့​အ​လှ ပြင်​၍ ထား​ပါ​သည်​တ​ကား။ သင်​၏​ချစ်​သူ​တို့​သည်​သင့်​ကို​ပစ်​ပယ်​လိုက်​ကြ လေ​ပြီ။ သူ​တို့​သည်​သင့်​ကို​သတ်​လို​ကြ​၏။

Common Language Bible

In The King James Version

And when thou art spoiled, what wilt thou do? Though thou clothest thyself with crimson, though thou deckest thee with ornaments of gold, though thou rentest thy face with painting, in vain shalt thou make thyself fair; thy lovers will despise thee, they will seek thy life.

In Context

29မြင်း​စီး​သူ​ရဲ​များ​နှင့်​လေး​သ​မား​တို့​၏ အ​သံ​ကို ကြား​သော​အ​ခါ လူ​အ​ပေါင်း​တို့​သည်​ထွက်​ပြေး​ကြ​လိမ့်​မည်။ အ​ချို့​သော​သူ​တို့​သည်​သစ်​တော​ထဲ​သို့​လည်း ကောင်း၊ အ​ချို့​တို့​သည်​ကျောက်​ဆောင်​များ​ပေါ် သို့​လည်း​ကောင်း၊ထွက်​ပြေး​ကြ​လိမ့်​မည်။ မြို့​အ​ပေါင်း​တို့​သည်​အ​ထီး​တည်း​ကျန် ရစ်​လျက် လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​၍​နေ​လိမ့်​မည်။

31သား​ဖွား​ဝေ​ဒ​နာ​ခံ​ရ​သော​အ​မျိုး​သ​မီး ၏​အ​သံ၊ သား​ဦး​ကို​ဖွား​မြင်​သည့်​အ​မျိုး​သ​မီး​ဟစ် အော်​သံ​နှင့် တူ​သည့်​အ​သံ​တစ်​ခု​ကို​ငါ​ကြား​၏။ ထို​အ​သံ​မှာ​မော​ဟိုက်​၍​လက်​တုန်​နေ​သော ယေ​ရု​ရှ​လင်​မြို့​၏​အ​သံ​ပင်​ဖြစ်​ပေ​သည်။ သူ​က``ငါ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ သူ​တို့​သည် ငါ့​အား​သတ်​ရန်​လာ​ကြ​လေ​ပြီ​ဆို​၏။''

Read all of ယေရမိအနာဂတ္တိကျမ်း 4

Cross References

2 Kings 9:30ယေ​ဟု​သည်​ယေ​ဇ​ရေ​လ​မြို့​သို့​ရောက်​ရှိ​လာ ၏။ ယေ​ဇ​ဗေ​လ​သည်​ဖြစ်​ပျက်​သည့်​အ​ကြောင်း အ​ရာ​ကို​ကြား​သိ​ပြီး​ဖြစ်​သ​ဖြင့် မိ​မိ​၏​မျက် ခမ်း​တို့​ကို​ဆေး​ဆိုး​၍​ဆံ​ပင်​ကို​အ​လှ​ပြင် ကာ နန်း​တော်​ပြူ​တင်း​မှ​လမ်း​သို့​မျှော်​ကြည့် လျက်​နေ​၏။-

Isaiah 10:3သင်​တို့​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​ခတ် တော်​မူ​သော​အ​ခါ သင်​တို့​အ​ဘယ်​သို့​ပြု ကြ​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​သင်​တို့​အား ရပ်​ဝေး​ဒေ​သ​မှ​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​တွေ့ ကြုံ​စေ​တော်​မူ​သော​အ​ခါ၊ သင်​တို့​အ​ဘယ် သို့​ပြု​ကြ​ပါ​မည်​နည်း။ အ​ကူ​အ​ညီ​တောင်း ခံ​ရန်​အ​ဘယ်​သူ​ထံ​သို့​ပြေး​ကြ​ပါ​မည်​နည်း။ မိ​မိ​တို့​၏​စည်း​စိမ်​ဥစ္စာ​များ​ကို​အ​ဘယ်​မှာ သို​ဝှက်​ထား​ကြ​ပါ​မည်​နည်း။-

Isaiah 33:14အ​ပြစ်​ကူး​လွန်​သည့်​ဇိ​အုန်​မြို့​သူ​မြို့​သား တို့​သည်​ကြောက်​ရွံ့​တုန်​လှုပ်​၍​နေ​ကြ​၏။ သူ တို့​က``ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော် မူ​ချက်​သည် ထာ​ဝ​စဉ်​တောက်​လောင်​နေ​သော မီး​နှင့်​တူ​၏။ ဤ​သို့​သော​မီး​မှ​ငါ​တို့​လွတ် မြောက်​၍​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နိုင်​ကြ ပါ​မည်​လော'' ဟု​ဆို​ကြ​၏။-

Jeremiah 13:21မိ​မိ​တို့​၏​မိတ်​ဆွေ​များ​ဟု​သင်​တို့​ထင်​မှတ် သူ​တို့​သည် သင်​တို့​ကို​နှိမ်​နင်း​၍​အုပ်​စိုး​ရန် ထာ​ဝ​ရ​ဘု​ရား​ချ​မှတ်​တော်​မူ​သော​အ​ခါ သင်​တို့​အ​ဘယ်​သို့​ပြော​ဆို​ကြ​မည်​နည်း။ သင်​တို့​သည်​သား​ဖွား​သည့်​အ​မျိုး​သ​မီး ကဲ့​သို့​ဝေ​ဒ​နာ​ခံ​ရ​ကြ​လိမ့်​မည်။-

Jeremiah 22:23သင်​တို့​သည်​လေ​ဗ​နုန်​တော​မှ​ယူ​ဆောင်​လာ သည့် အာ​ရစ်​ပင်​များ​၏​အ​လယ်​တွင်​ဘေး​မဲ့​လုံ​ခြုံ​စွာ နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​သား​ဖွား​သော​အ​မျိုး​သ​မီး​ကဲ့​သို့ ဝေ​ဒ​နာ​ခံ​ရ​ကြ​သော​အ​ခါ သင်​တို့​သည်​အ​ဘယ်​မျှ​သ​နား​စ​ရာ ကောင်း​လိမ့်​မည်​နည်း။

Lamentations 1:2သူ​သည်​တစ်​ညဥ့်​လုံး​ငို​ကြွေး​လျက်​နေ​၏။ မျက်​ရည်​များ​သည်​သူ​၏​ပါး​ပြင်​ပေါ်​သို့ စီး​ဆင်း​လာ​၏။ သူ​၏​ယ​ခင်​က​မိတ်​ဆွေ​အ​ပေါင်း​တို့​တွင်​သူ့​အား နှစ်​သိမ့်​မှု​ပေး​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​တော့​ပေ။ သူ​၏​မ​ဟာ​မိတ်​တို့​သည်​သူ့​အား​သစ္စာ​ဖောက် ကြ​လေ​ပြီ။ ယ​ခု​အ​ခါ​သူ​တို့​က​ပင်​သူ့​ကို​ရန်​ဘက်​ပြု​၍ နေ​ကြ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 4:30

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 4:29ယေရမိအနာဂတ္တိကျမ်း 4ယေရမိအနာဂတ္တိကျမ်း 4:31 →