ယေရမိအနာဂတ္တိကျမ်း 40:15
ထိုအခါယောဟနန်က``အကျွန်ုပ်အား၊ ဣရှ မေလကိုသွား၍သတ်ခွင့်ပြုပါ။ သတ်သော သူကိုမည်သူမျှသိလိမ့်မည်မဟုတ်ပါ။ သူ့ အားအဘယ်ကြောင့်အရှင့်ကိုသတ်ခွင့်ပေး ရပါမည်နည်း။ ဤသို့ပြုပါမူအရှင့်ထံ သို့လာရောက်စုဝေးနေကြသည့်ယုဒ အမျိုးသားတို့သည် ကွဲလွင့်၍သွားကာ ယုဒပြည်တွင်ကျန်ရစ်သူအပေါင်းတို့ သည် ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရကြ ပါလိမ့်မည်'' ဟုတိတ်တဆိတ်လျှောက် ထား၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 40
Cross References
1 Samuel 24:4ဒါဝိဒ်၏လူတို့က``ထာဝရဘုရားသည်ရန် သူအား အရှင်၏လက်သို့ပေးအပ်တော်မူမည် ဟူ၍လည်းကောင်း၊ သူ့အားအရှင်အလိုရှိ သလိုပြုနိုင်လိမ့်မည်ဟူ၍လည်းကောင်း မိန့် တော်မူခဲ့သည့်အတိုင်းယခုအရှင်အခွင့် ကောင်းကြုံပါပြီ'' ဟုဆိုကြ၏။ ဒါဝိဒ်သည် ရှောလုရှိရာသို့သွားကာ ရှောလု၏ဝတ်လုံ ကိုတိတ်တဆိတ်လှီးဖြတ်လိုက်၏။-
2 Samuel 18:3လူတို့က``အရှင်၊ အကျွန်ုပ်တို့နှင့်အတူ ကြွတော်မမူပါနှင့်။ အကယ်၍အကျွန်ုပ် တို့အားလုံးပင်တပ်လန့်ထွက်ပြေးကြ သော်လည်းကောင်း၊ အကျွန်ုပ်တို့အနက် ထက်ဝက်မျှပင်ကျဆုံးသွားသော်လည်း ကောင်း၊ ရန်သူအတွက်အဘယ်သို့မျှ ထူးခြားမှုရှိမည်မဟုတ်ပါ။ အရှင် သည်ကားအကျွန်ုပ်တို့လူတစ်သောင်း လောက်တန်ဖိုးရှိပါ၏။ အရှင်သည်မြို့ ထဲတွင်နေရစ်၍အကျွန်ုပ်တို့အားစစ် ကူပို့ပေးပါကပို၍ကောင်းပါလိမ့် မည်'' ဟုလျှောက်ထားကြ၏။
Job 31:31ငါ့အိမ်သူအိမ်သားတို့က၊ အဘယ်သူသည် ငါတို့သခင်၏ အမဲသားကိုတောင့်တ၍ မဝဘဲနေရ သနည်းဟု မဆိုတတ်သလော။
Jeremiah 42:2ငါ့အား``အကျွန်ုပ်တို့ပန်ကြားသည့်အမှု ကိုပြုပါလော့။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့အကျွန်ုပ်တို့ အဖို့ဆုတောင်းပတ္ထနာပြုပါလော့။ ကျန်ရှိ နေသမျှသောအကျွန်ုပ်တို့အတွက်ဆု တောင်းပတ္ထနာပြုပါလော့။ အခါတစ်ပါး ကအကျွန်ုပ်တို့သည်အရေအတွက်အား ဖြင့်များပါ၏။ သို့ရာတွင်ယခုအခါ၌ အရှင်သိရှိသည့်အတိုင်းအကျွန်ုပ်တို့ တွင်လူအနည်းငယ်သာကျန်ရှိပါတော့ သည်။-
John 11:50ယုဒအမျိုးသားတစ်ရပ်လုံးသေကျေပျက် စီးသည်ထက် တစ်မျိုးသားလုံးအတွက်လူ တစ်ယောက်သေရသည်က သင်တို့အဖို့ပို၍ ကောင်းသည်ကိုသင်တို့မသိကြသလော'' ဟုဆို၏။-