ယေရမိအနာဂတ္တိကျမ်း 41:17
သူတို့သည်ဂိဘောင်မြို့မှယောဟနန်ဆောင် ယူလာသူအပေါင်းတို့အားထိန်းသိမ်းစောင့် ရှောက်ကာထွက်ခွာလာကြပြီးလျှင် ဗက်လင် မြို့အနီးခိမဟံစခန်း၌ရပ်နားကြ၏။ သူ တို့သည်ဗာဗုလုန်အမျိုးသားတို့၏ဘေး မှကင်းဝေးကြစေရန်အီဂျစ်ပြည်သို့ သွားကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 41
Cross References
2 Samuel 19:37မိဘတို့၏သင်္ချိုင်းအနီးတွင်သေနိုင်ရန် အကျွန်ုပ်အားအိမ်သို့ပြန်ခွင့်ပြုတော်မူပါ။ ဤသူသည်အကျွန်ုပ်၏သားခိမဟံဖြစ် ပါ၏။ အရှင်မင်းကြီး၊ သူ့အားခေါ်ဆောင် သွားပြီးနောက်သူ့အတွက်အရှင်အလိုတော် ရှိသည့်အတိုင်းပြုတော်မူပါ'' ဟုလျှောက်၏။
Isaiah 30:2သူတို့သည်ငါ၏ထံမှအကြံဉာဏ်ကိုမ တောင်းခံဘဲ အီဂျစ်ပြည်သို့သွား၍အကူ အညီတောင်းခံကြ၏။ အီဂျစ်ပြည်၏ကာ ကွယ်စောင့်ရှောက်မှုကိုအလိုရှိသဖြင့် သူတို့ သည်အီဂျစ်ဘုရင်ကိုယုံကြည်ကိုးစား ကြ၏။-
Jeremiah 42:19ထိုနောက်ငါသည်ဆက်လက်၍``ယုဒပြည်တွင် ကျန်ရှိနေသူသင်တို့အား အီဂျစ်ပြည်သို့ မသွားကြရန်ထာဝရဘုရားမိန့်မှာတော် မူလေပြီ။-
Jeremiah 43:7သူတို့သည်ထာဝရဘုရား၏အမိန့်တော် ကိုလွန်ဆန်ကာ တာပနက်မြို့တိုင်အောင် အီဂျစ်ပြည်ထဲသို့ဝင်ရောက်ကြလေသည်။